Connect with us

Media

အစ္စရေးနိုင်ငံတွင် ပိတ်မိနေသော ဩစတြေးလျနိုင်ငံသားများအတွက် လေကြောင်းခရီးစဉ် ကြေညာ

ကန်ဘာရာ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ အစိုးရက အစ္စရေးနိုင်ငံတွင် သောင်တင်နေသော ၎င်းတို့၏နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရေး လေကြောင်းခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဩစတြေးလျနိုင်ငံပိုင် Qantas လေကြောင်းလိုင်းအနေဖြင့် အဆိုပါဒေသရှိ ၎င်းတို့နိုင်ငံသားများကို တဲလ်အဗီးမြို့မှ လန်ဒန်သို့ လေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က အောက်တိုဘာ ၁၁ ရက် ညနေပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ လေကြောင်းခရီးစဉ်များကို Qantas လေကြောင်းလိုင်းက ကုန်ကျစရိတ်ကို ကျခံမည်ဖြစ်ပြီး ခရီးသည်များအတွက် အခမဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံတွင် နေထိုင်လျက်ရှိသော ဩစတြေးလျနိုင်ငံသား ဦးရေ ၁၀,၀၀၀ မှ ၁၂,၀၀၀ ကြား ရှိကြောင်း ဩစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Government announces flights for Australians stranded in Israel
CANBERRA, Oct. 12 (Xinhua) — The Australian government has announced it will run repatriation flights for citizens stranded in Israel.
Minister for Foreign Affairs Penny Wong on Wednesday evening confirmed that flag carrier Qantas will operate two flights from Tel Aviv’s Ben Gurion airport to London for Australians.
The flights will be operated free of charge for passengers, with Qantas to absorb the costs.
According to the Department of Foreign Affairs and Trade, between 10,000 and 12,000 Australian citizens live in Israel.