Connect with us

Media

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေး အကူအညီများ ပေးအပ်မည်

ဒါကာ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေးအကူအညီများ ပေးအပ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Yao Wen က အောက်တိုဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံက ကူညီပေးသည့် သွေးလွန်တုပ်ကွေး ရောဂါဆိုင်ရာ ပစ္စည်းကိရိယာများအား Savar မြို့ရှိ ဆေးရုံကြီးတစ်ခုသို့ လှူဒါန်းပွဲအခမ်းအနား ပြောကြားသည့် မိန့်ခွန်း၌ ကြေညာခဲ့သည်။

ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပေါင်း ၂၂၈,၇၇၉ မှုရှိသည့်အနက် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူပေါင်း ၁,၁၀၉ ဦး ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

………………………..
(English Version)
China to provide anti-dengue aid to Bangladesh
China will provide anti-dengue aid to Bangladesh, Chinese Ambassador to Bangladesh Yao Wen announced Wednesday while addressing the donation ceremony of China-aided dengue kits to a major hospital in Savar on the outskirts of Dhaka.
A total of 1,109 people have died of dengue fever, out of 228,779 cases reported across Bangladesh so far this year, Bangladeshi health department figures showed.
Xinhua News Agency correspondents reporting from Dhaka.(XHTV)