ဝါဆော၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ကာကွယ်ဆေးထိုးနှုန်းမြင့်တက်နေသော်လည်း COVID-19 စတုတ္ထလှိုင်းဖြစ်နိုင်ချေရှိကြောင်း ပိုလန်နိုင်ငံအစိုးရက ဇွန် ၁၅ ရက်တွင် တရားဝင်သတိပေးခဲ့သည်။
မော်စကို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ဘရပ်ဆဲလ်မြို့တွင် မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် ရုရှားနိုင်ငံ၏ Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းသည် ဇွန် ၁၅ ရက်က ဘောလ်တစ်ပင်လယ်၏ ကြားနေရေပိုင်နက်အထက် ပျံသန်းခဲ့ကြောင်း သိရသည်။
ဂါဇာ ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) အရှေ့ဂျေရုဆလင်တွင် ပြုလုပ်သော အစ္စရေးချီတက်ပွဲတစ်ခုကို ဆန့်ကျင်သည့်အနေဖြင့် ဂါဇာကမ်းမြောင် အရှေ့ပိုင်း နှင့် အစ္စရေးအကြား နယ်စပ်တစ်လျှောက်တွင် ဇွန် ၁၅ ရက်က ပါလက်စတိုင်းလူမျိုး အများအပြားစုရုံး၍ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်သတင်းအရင်းအမြစ်များ နှင့် မျက်မြင်သက်သေများက ဆိုသည်။
ကိုလံဘို ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံအနှံ့ ပြီးခဲ့သော ၆ လအတွင်း လူနှင့်ဆင် ပဋိပက္ခများကြောင့် လူ ၅၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဇွန် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ဆန်တီရာဂို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်အား ကာကွယ်ဆေးထိုးမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသက် ၂၀ နှစ်နှင့် ၂၁ နှစ်ကြားလူငယ်များကို COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံခြင်းအား ယခုတစ်ပတ်အတွင်း စတင်လိုက်ပြီဖြစ်ကြောင်း လက်ထောက်ကျန်းမာရေးဝန်ကြီး Paula Daza က...
ကျိုချွမ်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) လူလိုက်ပါ အာကာသယာဉ် “ShenZhou-12”ကို ကြာသပတေးနေ့ နံနက် ၉ နာရီ ၂၂ မိနစ်တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA)က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြောက်ပိုင်း Xayaboury ပြည်နယ်ရှိ ကျေးရွာများစွာမှ ပြည်သူ ၃,၀၀၀ ကျော်သည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရက်များစွာကြာပြီးနောက် ဆိုးဝါးသည့် ရေလွှမ်းမိုးမှု ဒဏ်ခံစားခဲ့ရကြောင်း သိရသည်။ လာအိုနိုင်ငံရှိ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် စေတနာ့ဝန်ထမ်းများက သီတင်းပတ်ကုန်အတွင်း...
လန်ဒန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန်ဗီဇပြောင်း Delta ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အင်္ဂလန်နိုင်ငံတွင် ဇွန် ၂၁ ရက်နောက်ပိုင်းတွင် COVID ကန့်သတ်ချက်များအားလုံး ဖြေလျှော့ပေးခြင်းကို သီတင်းပတ်လေးပတ်ကြာ ဆိုင်းငံ့မည့်အကြောင်းကို ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇွန် ၁၄ ရက်၌ အတည်ပြုပြောကြားခဲ့သည်။...
ဘန်ကောက် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို လူသားများဖြင့် လက်တွေ့စမ်းသပ်မှု စတင်လိုက်ပြီးဖြစ်ကြောင်း ချူလာလောင်ကွန်းတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ပါမောက္ခ Kiat Ruxrungtham က ပြောကြားခဲ့သည်။ အသက် ၁၈ နှစ်နှင့် ၇၅ နှစ်ကြားအရွယ်ရှိ စေတနာ့ဝန်ထမ်း ၇၂...
ဆစ်ဒနီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဗန်နာတူနိုင်ငံ၌ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။ ဗန်နာတူနိုင်ငံ Port Vila မြို့ရှိ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားအပြီးတွင်...