Connect with us

Videos

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ကမ်းပါးမှ ပြုတ်ကျခြင်းကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံး

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမှ မောင်းနှင်လာသော ဘတ်စ်ကားတစ်စီးသည် နိုင်ငံ တောင်ပိုင်း Oaxaca ပြည်နယ် အဝေးပြေးလမ်းမရှိ ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျမှုကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကာ လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုသည် Magdalena Penasco မြို့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားလမ်းချော်ကာ ၁၀ မီတာကျော်နက်သော ချောက်အတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရ အတွင်းဝန် Jose de Jesus Romero က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ဒေသခံအာဏာပိုင်များနှင့် ပြည်သူများက ဒဏ်ရာရသူများအား ကယ်ဆယ်ရန်နှင့် သေဆုံးသူများအား ပြန်လည်သယ်ဆောင်ရန် ချက်ချင်းလှုပ်ရှားခဲ့ကြကြောင်း လူမှုမီဒီယာပေါ်သို့ တင်ခဲ့သည့် ဗီဒီယိုများနှင့် ဓာတ်ပုံများအရ သိရသည်။အခင်းဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
At least 26 killed after bus plunges off cliff in southern Mexico
MEXICO CITY, July 5 (Xinhua) — At least 26 people were killed and about 20 injured Wednesday after a bus coming from Mexico City plunged off a cliff on a highway in the southern Mexican state of Oaxaca, local authorities confirmed.
The accident occurred in the early morning in the municipality of Magdalena Penasco, when the vehicle veered off the road and fell into a ravine more than 10 meters deep, said State Government Secretary Jose de Jesus Romero during a press conference.
Both local authorities and residents moved quickly to rescue the injured and recover the bodies, according to several videos and images posted on social media.
Investigations are underway to determine the cause of the accident.