Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံ အန်ကောသို့ ဝင်ရောက်သည့် နိုင်ငံတကာခရီးသွားအရေအတွက် ၆ လအတွင်း ၅၄၃ ရာခိုင်နှုန်း မြင့်တက်

ဖနွမ်းပင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သို့ ယခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားသားဧည့်သည် ၃၈၅,၇၆၉ ဦး ဝင်ရောက်ခဲ့ပြီး ယခင်နှစ်အလားတူကာလတွင် ၅၉,၉၈၃ ဦး ဝင်ရောက်ခဲ့ရာ နှိုင်းယှဉ်ပါက ၅၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဇူလိုင် ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါရှေးဟောင်းဥယျာဉ်သည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း လက်မှတ်ရောင်းချရမှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇.၈၇ သန်း ရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၂.၄၂ သန်း ရရှိခဲ့ရာ နှိုင်းယှဉ်ပါက ၆၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နိုင်ငံပိုင် အန်ကောလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
—————————–
Number of int’l tourists to Cambodia’s Angkor rises 543 pct in H1
Cambodia’s famed Angkor Archeological Park received 385,769 foreign visitors in the first half of this year, up 543 percent from only 59,983 in the same period last year, said a press statement on Wednesday.
The ancient park earned 17.87 million U.S. dollars in revenue from ticket sales during the January-June period this year, up 638 percent from 2.42 million dollars in the same period last year, said the state-owned Angkor Enterprise’s statement.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)