Connect with us

Videos

တရုတ်နိုင်ငံ ဟဲပေပြည်နယ်က အလယ်အာရှသို့ ဘက်စုံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် စတင်

ရှီးကျားကျွမ်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်က နိုင်ငံတကာ ဘက်စုံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်အား ဇူလိုင် ၄ ရက်တွင် စတင်ခဲ့ပြီး အလယ်အာရှနိုင်ငံများသို့ ကုန်စည်များ သယ်ယူပို့ဆောင်ရန် ရထားလမ်း နှင့် အဝေးပြေးလမ်းများအပေါ် အားထားရကြောင်း သိရသည်။ဟဲပေပြည်နယ် Langfang မြို့မှ ကုန်ပစ္စည်း ၁,၀၀၀ ကျော် တင်ဆောင်ထားသည့် ရထားတစ်စင်းသည် ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့သည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Kashgar မြို့သို့ ရောက်ရှိခဲ့ပြီးနောက် ကုန်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်အဝေးပြေးလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကာဂျစ္စတန်နိုင်ငံသို့ ရောက်ရှိပြီးနောက် ရထားဖြင့် ထပ်မံသယ်ဆောင်ပြီး နောက်ဆုံးဦးတည်ရာ ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် Tashkent သို့ သယ်ယူပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ဥဇဘက်ကစ္စတန်နိုင်ငံသို့ လမ်းကြောင်းသည် ကီလိုမီတာ ၆,၀၀၀ ခန့်ရှည်လျားပြီး ခရီးစဉ် ပြီးဆုံးရန် ၁၂ ရက်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း China Railway Beijing Group ကုမ္ပဏီထံမှ သိရသည်။ (Xinhua)

—————————

China’s Hebei launches new multimodal transport route to Central Asia
North China’s Hebei Province launched its new international multimodal transport route on Tuesday, which relies on railways and highways to transport goods to Central Asian countries.
On Tuesday morning, a train carrying over 1,000 tonnes of goods departed from Langfang City in Hebei.
After arriving at Kashgar City in northwest China’s Xinjiang Uygur Autonomous Region, the goods will be transported via cross-border highways.
They will be carried by train again after reaching Kyrgyzstan and transported to the final destination of Tashkent, capital of Uzbekistan.
According to China Railway Beijing Group Co., Ltd., the route from China to Uzbekistan is about 6,000 km long, and it is estimated it will take about 12 days to complete the trip.
Xinhua News Agency correspondents reporting from Shijiazhuang, China.(XHTV)