Connect with us

Videos

အစ္စရေးစစ်ဆင်ရေးအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းသားများအတွက် ဝမ်းနည်းသည့်အနေဖြင့် Jenin မြို့၌ ဈာပနအခမ်းအနားကြီး ပြုလုပ်

ပါလက်စတိုင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

West Bank ရှိ Jenin မြို့၌ အစ္စရေးစစ်တပ်၏ အကြီးစားစစ်ဆင်ရေးအတွင်း သေဆုံးခဲ့ရသည့် ပါလက်စတိုင်းသားများ၏ ဈာပနအခမ်းအနားကြီးကို ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး နာရေးလိုက်ပို့သူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြောင်း သိရသည်။နာရေးလိုက်ပါပို့ဆောင်သူများက ပါလက်စတိုင်းအလံများကို လွှင့်ထူခဲ့ကြပြီး အစ္စရေးစစ်တပ်အား ဆန့်ကျင်သည့် ကြွေးကြော်သံများအား သံပြိုင်ကြွေးကြော်ခဲ့ကာ Jenin ဒုက္ခသည်စခန်းအား ဝင်ရောက်ခဲ့သည့် အစ္စရေးစစ်တပ်ကို အပြစ်ပေးရန် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့များအား တောင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ဇူလိုင် ၄ ရက်ညပိုင်းတွင် Jenin မြို့မှ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နှစ်ရက်ကြာမြင့်ခဲ့သော အကြီးစား စစ်ဆင်ရေးအား အဆုံးသတ်ခဲ့ကြောင်း အစ္စရေး နှင့် ပါလက်စတိုင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် Jenin မြို့မှ ထွက်ခွာသွားခဲ့သော်လည်း Jenin မြို့အနောက်ဘက်နှင့် မြောက်ဘက်ရှိ အစ္စရေးစစ်ဆေးရေးဂိတ်နှစ်ခု၌ တပ်စွဲထားကြောင်း ပါလက်စတိုင်းလုံခြုံရေးသတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

Jenin မြို့၌ အစ္စရေး စစ်ဆင်ရေးတွင် ပါလက်စတိုင်းသား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၃၀ ဦး အပါအဝင် လူ ၁၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း လခြမ်းနီအသင်းထံမှ သိရသည်။ (Xinhua)

———————————
Mass funeral held in Jenin to mourn Palestinians killed in Israeli military operation
Thousands of Palestinian mourners participated on Wednesday in a mass funeral of Palestinians killed by the Israeli army in the West Bank city of Jenin during a large-scale military operation.
The mourners raised the Palestinian flags and chanted slogans against the Israeli army, calling on the Palestinian armed factions to punish the Israeli army over its “violations” against the Jenin refugee camp.
The Israeli army withdrew on Tuesday night from Jenin, ending a two-day large-scale military operation there, Israeli and Palestinian sources said.
Palestinian security sources said the Israeli army had left Jenin but remained stationed at two Israeli checkpoints north and west of Jenin.
According to the Palestinian Red Crescent Society, the Israeli military operation in Jenin has left 13 Palestinians dead and at least 150 others wounded, including 30 in critical condition.
Xinhua News Agency correspondents reporting from Jenin, Palestine.(XHTV)