မနီလာ၊ မတ် ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) က ၂၀၂၁ ခုနှစ်အတွင်း တတိယမြောက် လူသေဆုံးရခြင်းအကြောင်းရင်းနေရာသို့ ရောက်ရှိလာခဲ့ကြောင်း မတ် ၃၀ ရက်၌ ထုတ်ပြန်သော ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့ (PSA)၏ ကနဦးအချက်အလျက်များအရ သိရသည်။
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်ထံမှ ခွင့်ပြုချက်ဖြင့် CMC က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း ၉၅ နှစ်မြောက် အခါသမယတွင် ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်များအား August 1 ဆုတံဆိပ် (August...
ကိဗ် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၎င်းအနေဖြင့် ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲက အပြုသဘောဆောင်သည့် လက္ခဏာများကို တွေ့မြင်ရကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ယူကရိးန်နိုင်ငံ အရှေ့တောင်ပိုင်း မာလ်ကိုလိုင်ဗ်မြို့ရှိ ဒေသန္တရအုပ်ချုပ်ရေးရုံး အဆောက်အအုံအား ရုရှားတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၂၉ ရက်က ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံမှ သံတမန် စုစုပေါင်း ၁၀ ဦးကို နှင်ထုတ်လိုက်ကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် မတ် ၂၉ ရက်၌ ပြုလုပ်သော မျက်နှာချင်းဆိုင်တွေ့ဆုံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းနှင့် အချိန် သုံးနာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေးအတွက် နောက်ထပ်ကြိုးပမ်းမှုအဖြစ် မတ် ၂၉ ရက်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ 5G ချိတ်ဆက်မှု အရေအတွက်သည် ၂၀၂၅ ခုနှစ်မကုန်မီအထိ ၈၉၂ သန်းအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတကာ မိုဘိုင်းအော်ပရေတာ အသင်းတစ်ခုဖြစ်သော GSMA ၏ မကြာသေးခင်က လေ့လာမှုအရ သိရသည်။
နယူးရောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်အားစောင့်ဆိုင်းနေစဉ်အတွင်း ကုန်သည်များသည် ဝယ်လိုအားအခြေအနေကို ချိန်ဆနေသဖြင့် မတ် ၂၈ ရက်တွင် ရေနံဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ မတ် ၂၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့တွင် နှစ်နှစ်လျှင် တစ်ကြိမ်ပြုလုပ်သော ကာကွယ်ရေးနှင့် လက်နက်ပြပွဲ Defense Services Asia 2022ပြပွဲ အား မတ် ၂၈ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။