Connect with us

Media

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်ရောင်းအား ဇန်နဝါရီလအတွင်း ၇၉.၆ ရာခိုင်နှုန်း မြင့်တက်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်ရောင်းအားသည် ဇန်နဝါရီလအတွင်း ၃၂၄,၀၀၀ စီးရှိခဲ့ရာ ယမန်နှစ်အလားတူကာလထက် ၇၉.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယင်းကာလအတွင်း အထူးသဖြင့် ထရပ်ကား အစီးရေ ၂၈၉,၀၀၀ စီးခန့် ရောင်းချနိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၈၁.၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်းထံမှ သိရသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ တင်ပို့မှုအနေဖြင့် ဇန်နဝါရီလအတွင်း အစီးရေ ၇၄,၀၀၀ စီး ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၄၆.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ (Xinhua)

……………………………
(English Version)
China’s commercial vehicle sales jump 79.6 pct in January
BEIJING, Feb. 25 (Xinhua) — China’s commercial vehicle sales soared 79.6 percent year on year to 324,000 units in January, industry data showed. Specifically, some 289,000 trucks were sold during this period, a surge of 81.8 percent year on year, according to the China Association of Automobile Manufacturers. The data also revealed that China’s commercial vehicle exports had reached 74,000 units in January, up 46.9 percent year on year.