Connect with us

Media

ကမ္ဘောဒီးယား အာဏာရပါတီက အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိဟုဆို

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က ဖေဖော်ဝါရီ ၂၅ ရက်က ဆီးနိတ်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော်အတွက် ပြုလုပ်သည့် ၅ ကြိမ်မြောက် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

CPP ပါတီပြောရေးဆိုခွင့်ရှိသူ Sok Eysan က ကနဦးရလဒ်များကို ကိုးကား၍ ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“CPP က ဆန္ဒမဲစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော် သို့ မဟုတ် အထက်လွှတ်တော်နေရာ ၅၈ နေရာအနက် ၅၀ နေရာထက်မနည်း အနိုင်ရရှိခဲ့ပါတယ်”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဒါက ၂၀၂၃ ခုနှစ် ဇူလိုင်လ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးနောက် CPP အတွက် နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်” ဟု Sok Eysan က ပြောကြားခဲ့သည်။
CPP ပါတီဥက္ကဋ္ဌ အသက် ၇၁ နှစ် အရွယ်ရှိ ဝန်ကြီးချုပ်ဟောင်း ဆမ်ဒက် တက်ခ်ချိုဟွန်ဆန်က ရွေးကောက်ပွဲကျင်းပပြီးနောက် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။ (Xinhua)

…………………………
(English Version)
Cambodia’s ruling party wins sweeping victory in Senate election: spokesperson
The ruling Cambodian People’s Party (CPP) won a sweeping victory in the fifth election for the Senate, or the upper house, on Sunday, a party’s spokesperson said.

CPP’s spokesperson Sok Eysan, citing preliminary results, said the CPP won the most majority votes in the election.

“The CPP won at least 50 of the 58 Senate seats up for grabs, or more than 80 percent of the total votes,” he told Xinhua.

“This is another great success for the CPP after we won a landslide victory in the general election in July 2023,” Eysan said.

He confirmed that former Prime Minister Samdech Techo Hun Sen, the 71-year-old president of the CPP, will take over as the president of the Senate after the election.

Xinhua News Agency correspondents reporting from Phnom Penh.(XHTV)