ရောမ၊ဇွန် ၁ ရက်(ဆင်ဟွာ) အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူးသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးအားကစားသမားဆု(MVP)အတွက် အမည်စာရင်းတင်သွင်းခံရကြောင်း အီတလီထိပ်တန်းဘောလုံးပြိုင်ပွဲစီးရီးအေက မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် မေ ၃၁ ရက် ညနေပိုင်းက မိုးရွာသွန်းခြင်းနှင့် ဆက်စပ်သော ဖြစ်ရပ်များအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဟူစတန်၊ဇွန် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ Oklahoma ပြည်နယ် Tulsa မြို့ မြို့တော်ဝန်က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်တွင် ဖြစ်ပွားခဲ့သော လူမည်း ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရခြင်းအတွက် မေ ၃၁ ရက်၌ ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အဆိုပါ အစုပြုံလိုက်သတ်ဖြတ်မှုတွင် မြို့တော်အစိုးရ၏အခန်းကဏ္ဍအတွက် တောင်းပန်စကား ဆိုခဲ့ကြောင်း...
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြီးခဲ့သော ငါးနှစ်တွင် အကောင်းဆုံး ဖြစ်ခဲ့ကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနှံ့မေ ၃၀ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၆၃၉ သန်းကျော် ထိုးနှံပေးထားကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
အော့တဝါ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒိုက နိုင်ငံအနောက်ပိုင်း Kamloops မြို့ရှိ ယခင်ဒေသခံ မျိုးနွယ်စု စာသင်ကျောင်းတစ်ခုတွင် ကလေးငယ်ရုပ်အလောင်း ၂၁၅ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းကို တုံ့ပြန်ဆောင်ရွက်ရာတွင် သူ၏ အစိုးရအနေဖြင့် ရှေ့ဆက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) လူ ၇ ဦး လိုက်ပါသွားသည့် ဂျက်လေယာဉ်ငယ်တစ်စင်းသည် Tennessee ပြည်နယ်ရှိ ရေကန်တစ်ကန် အတွင်းသို့ မေ ၂၉ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ငယ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း တာဝန်ရှိသူများက မေ ၂၉ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။...
ဘန်ဂလော ၊ အိန္ဒိယ ၊ မေ ၃၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်၌ COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေစဉ် ဘန်ဂလောမြို့ရှိ လူနေထူထပ်သောရပ်ကွက်များပေါ် လေယာဉ်ပျံဖြင့် ပိုးသတ်ဆေးဖျန်းပက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua) ———————————— (English Version) Asia Album: Aircraft sprays...
စိန်ရန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) မာလီနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ၈ ဖွဲ့မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၄၁၃ ဦးစလုံးကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင် ၎င်းတို့၏ ထူးချွန်သောပံ့ပိုးလုပ်ဆောင်မှုများအပေါ် အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံရကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင်...
ဝါရှင်တန်၊မေ ၃၀ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(IMF) ညွှန်ကြားရေးမှူးချုပ် Kristalina Georgieva က တရုတ်နိုင်ငံ၏ ပြည်တွင်း နှင့် ပြည်ပနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံနိုင်အောင် အရှိန်မြှင့်တင် လုပ်ဆောင်ပေးနေသည့် ကြိုးပမ်းအားထုတ်မှုများအပေါ် ချီးကျူးလိုက်ပြီး လက်ရှိကပ်ရောဂါမူဝါဒသည် အကောင်းဆုံးစီးပွားရေးမူဝါဒဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ လူဦးရေ...