Connect with us

Science & Technology

တရုတ် အာကာသယာဉ်မှူးများက အာကာသမှ သင်ခန်းများ ပို့ချပေး

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

Shenzhou-13 အာကာသယာဉ်အဖွဲ့ဝင်များဖြစ်သော ကျိုက်ကျစ်ကန်း (Zhai Zhigang) နှင့် ဝမ်ရာဖိန် (Wang Yaping) နှင့် ယဲ့ကွမ်းဖု (Ye Guangfu) တို့က တရုတ်နိုင်ငံ၏ အာကာသစခန်းမှနေ၍ ဒီဇင်ဘာ ၉ ရက်မွန်းလွဲပိုင်းက ကမ္ဘာမြေပေါ်ရှိ ကျောင်းသူ၊ ကျောင်းသားများအား အထူးသင်ခန်းစာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။အာကာသစခန်းတွင် ၎င်းတို့၏ နေထိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ မိတ်ဆက်ပြီးနောက် သိပ္ပံပညာရပ်ဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုများကို စတင်သရုပ်ပြခဲ့ကြောင်း၊ ၎င်းတို့သည် ကျောင်းသားများနှင့် ဗီဒီယိုခေါ်ဆိုမှုများဖြင့် တိုက်ရိုက် အမေး၊ အဖြေပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီအရ သိရသည်။

ကနဦးမြေပြင်စာသင်ခန်းသည် တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာပြတိုက်တွင် တည်ရှိသည်။ စာသင်ခန်းများအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၊ စီချွမ်းပြည်နယ် ဝန်ချွမ်းကောင်တီ၊ ဟောင်ကောင်နှင့် မကာအိုတို့တွင် ထားရှိကြောင်း သိရသည်။

တရုတ်အာကာသယာဉ်မှူး ၃ ဦးသည် Shenzhou-13 အာကာသယာဉ်ဖြင့် လိုက်ပါသွားခဲ့ပြီး အောက်တိုဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ၏ အာကာသစခန်းသို့ ဝင်ရောက်သွားခဲ့ပြီး အာကာသစခန်း တည်ဆောက်ခြင်းအတွက် အရှည်ကြာဆုံး ဝန်ထမ်းလိုက်ပါသည့် မစ်ရှင်တစ်ခု ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် တရုတ် အမျိုးသမီးအာကာသယာဉ်မှူး ဝမ်ရာဖိန်သည် အခြားသော အာကာသယာဉ်အဖွဲ့သား ၂ ဦး၏အကူအညီဖြင့် Shenzhou-10 အာကာသယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီး တရုတ်နိုင်ငံတစ်ဝန်းရှိ ကျောင်းနေကလေး သန်း ၆၀ ကျော်အား နိုင်ငံ၏ ပထမဆုံးအဖြစ် အာကာသမှ တိုက်ရိုက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

Chinese astronauts give lecture from space

Source: Xinhua| 2021-12-09 16:20:24|Editor: huaxia

BEIJING, Dec. 9 (Xinhua) — A special lecture kicked off Thursday afternoon at China’s space station, given by the Shenzhou-13 crew members Zhai Zhigang, Wang Yaping and Ye Guangfu to students on Earth.

After introducing their living and working scenes in the space station, they began to demonstrate science experiments. They also have real-time Q&A with the students via video call, according to the China Manned Space Agency.

The primary ground classroom is at the China Science and Technology Museum. Classrooms are also set up in Nanning of south China’s Guangxi Zhuang Autonomous Region, Wenchuan County of Sichuan Province, Hong Kong, and Macao.

The three Chinese astronauts went into space onboard the Shenzhou-13 spaceship and entered the country’s space station on Oct. 16, embarking on the country’s longest-ever crewed mission for space station construction.

In June 2013, Chinese female astronaut Wang Yaping, assisted by the other two crew members aboard the Shenzhou-10 spacecraft, delivered the country’s first live space lecture to over 60 million schoolchildren across China. Enditem

Photo : Chinese astronauts Zhai Zhigang (C), Wang Yaping (R) and Ye Guangfu will carry out the Shenzhou-13 spaceflight mission, and Zhai will be the commander, announced the China Manned Space Agency at a press conference on Oct. 14, 2021. (Xinhua)