Connect with us

News

ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ဘဲရင်းပင်လယ်နှင့် အော့ခို့စ်ပင်လယ်တို့ပေါ်မှ ဖြတ်ကျော်ပျံသန်း

ကင်းလှည့်တာဝန် ထမ်းဆောင်နေသော ရုရှား၏ Tu-95MS မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်းအား ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်တွင် ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းအား စခရင်ရှော့ဖမ်းယူထားသည့်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရုရှား၏ Tu-95MS တာဝေးဗုံးကြဲလေယာဉ်များက ဘဲရင်းပင်လယ်နှင့် အော့ခို့စ်ပင်လယ်တို့၏ နိုင်ငံတကာရေပိုင်နက်ပေါ်မှ အစီအစဉ်အတိုင်း ကင်းလှည့်သည့် မစ်ရှင်အား ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ဗုံးကြဲလေယာဉ်များ၏ ပျံသန်းချိန်မှာ ၁၄ နာရီကျော် ကြာမြင့်ခဲ့ကာ ထိုသို့ပျံသန်းစဉ်အတွင်း Su-35S နှင့် Su-30SM ဂျက်တိုက်လေယာဉ်များက လိုက်ပါစောင့်‌ရှောက်ပေးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုကင်းလှည့်မှုမစ်ရှင်၌ နေရာအချို့တွင် ရုရှားလေယာဉ်များနှင့်အတူ ပြည်ပနိုင်ငံများမှ ဂျက်တိုက်လေယာဉ်များလည်း အတူလိုက်ပါလာခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
အလက်စကာပြည်နယ်အနီးတွင် ရုရှားစစ်လေယာဉ် လေးစင်းအား စက်တင်ဘာ ၂၄ ရက်က ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု မြောက်အမေရိက အာကာသနှင့်လေကြောင်းကာကွယ်ရေး ကွပ်ကဲမှုဌာနချုပ် (NORAD) က စက်တင်ဘာ ၂၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
အလက်စကာပြည်နယ် လေကြောင်းရန်ကာကွယ်ရေး စိစစ်သတ်မှတ်ဇုန်အတွင်း ပျံသန်းနေသည့် Tu-95 ဗုံးကြဲလေယာဉ်နှစ်စင်းနှင့် Su-35 တိုက်လေယာဉ်နှစ်စင်းအား ထောက်လှမ်းတွေ့ရှိခဲ့ပြီး ခြေရာခံစောင့်ကြည့်ခဲ့သည်ဟု NORAD က ဆိုသည်။
“ရုရှားစစ်လေယာဉ်တွေဟာ နိုင်ငံတကာ လေပိုင်နက်ထဲမှာပဲ ဆက်ရှိနေခဲ့ပြီး အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ လေပိုင်နက်ထဲကို ဝင်ရောက်ခဲ့ခြင်းမရှိပါဘူး” ဟု NORAD ပြောကြားခဲ့ပြီး ရုရှား၏ လှုပ်ရှားမှုမှာ ပုံမှန်ဖြစ်ပွားနေကျ ဖြစ်သည့်အတွက် ခြိမ်းခြောက်မှုဟု ယူဆခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
လေကြောင်းရန်ကာကွယ်ရေး စိစစ်သတ်မှတ်ဇုန်မှာ နိုင်ငံတစ်နိုင်ငံ၏ လေပိုင်နက် အဆုံးသတ်သွားသည့်နေရာ၌ စတင်ကာ သက်ဆိုင်ရာနိုင်ငံ၏ လုံခြုံရေးအတွက် လေယာဉ်အားလုံးကို စိစစ်အတည်ပြုခြင်းအတွက် အသင့်ရှိရန် လိုအပ်သည့် နိုင်ငံတကာလေပိုင်နက်၏ သတ်မှတ်နယ်နိမိတ်တစ်ခုဖြစ်သည်။
အလက်စကာအနီးတွင် ရုရှားလေယာဉ်များ ပျံသန်းနေခြင်းနှင့် သက်ဆိုင်သည့် အလားတူဖြစ်စဉ်များကို NORAD က ထုတ်ပြန်ခဲ့ခြင်းမှာ ယခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ကြောင်း ယင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။ (Xinhua)
………………..
(English Version)
Russian strategic bombers fly over Bering, Okhotsk Seas
MOSCOW/WASHINGTON, Sept. 25 (Xinhua) — Russian Tu-95MS long-range bombers completed a planned patrol mission over the neutral waters of the Bering and Okhotsk Seas, the Russian Defense Ministry said Thursday.
The flight lasted more than 14 hours, during which the aircraft were escorted by Su-35S and Su-30SM fighter jets, the ministry said in a statement.
At certain stages of the mission, the Russian aircraft were accompanied by fighter jets from foreign countries, it added.
Four Russian warplanes were detected flying near Alaska on Wednesday, the North American Aerospace Defense Command (NORAD) said in a press release on Thursday.
NORAD detected and tracked two Tu-95s and two Su-35s operating in the Alaskan Air Defense Identification Zone, NORAD said.
“The Russian military aircraft remained in international airspace and did not enter American or Canadian sovereign airspace,” NORAD said, noting that the Russian activity occurs regularly and is not seen as a threat.
An air defense identification zone begins where sovereign airspace ends and is a defined stretch of international airspace that requires the ready identification of all aircraft in the interest of national security.
It’s the ninth time this year NORAD has reported such an incident involving Russian aircraft flying near Alaska, according to its website.
English Caption
Screenshot of footage released by the Russian Defense Ministry on June 5, 2023 shows a Tu-95MS strategic bomber during a patrol mission.