Connect with us

Economy

အာဆီယံ နိုင်ငံများ အကြားတွင် ဆိပ်ကမ်း တစ်ခုချင်းစီ၏ သတင်း အချက်အလက် အပြန်အလှန် ပူးပေါင်း ဖလှယ် ဆောင်ရွက်မည် ဟုဆို

ရန်ကုန် ဆိပ်ကမ်းတွင် ရပ်နားထားသော ကုန်တင် သေဘာၤမ်ား (ဆင္ဟြာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံမှ လွဲ၍ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများ အကြားတွင် ဆိပ်ကမ်း တစ်ခုချင်းစီ၏ သတင်း အချက်အလက်များကို အပြန်အလှန် ပူးပေါင်း ဖလှယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် နိုင်ငံတကာ ဆက်ဆံရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လာအိုနိုင်ငံသည် ကုန်းတွင်းပိတ် နိုင်ငံဖြစ်သည့် အတွက် ကျန်သည့် ကိုးနိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆိပ်ကမ်းများတွင် မတူညီမှု အသီးသီး ရှိနေသဖြင့် ထိုကဲ့သို့ ပူးပေါင်း ဖလှယ်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာ ဆက်ဆံရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ တာဝန် ရှိသူက “အာဆီယံ နိုင်ငံများ၏ ဆိပ်ကမ်းအသီးသီးမှာ ရန်ကုန် ဆိပ်ကမ်းရဲ့ လက်ရှိအခြေ အနေက နိုင်ငံတကာ သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနိုင်ဖို့ အခက်အခဲ နည်းနည်းရှိတယ်’’ ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြစ်၏ ရေစူး အနက်မှာ ၉ မီတာသာ ရှိပြီး တန်ချိန် ၁၅,၀၀၀ အထိ တင်ဆောင်နိုင်သော သင်္ဘောများသာ ဝင်ရောက် ဆိုက်ကပ် နိုင်ကြောင်း သိရသည်။ သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရန် ရန်ကုန်မြစ်အတွင်း ရေစူးအနက် ပိုရှိလာစေရေး ဆောင်ရွက်ခြင်းများရှိ သော်လည်း ရန်ကုန် ဆိပ်ကမ်းသည် မြစ်တွင်း ဆိပ်ကမ်း ဖြစ်သောကြောင့် သင်္ဘောကြီးများ ဝင်ရောက်ရန် ရေစူးအနက် ကန့်သတ်ချက် ရှိနေခြင်း ကြောင့် အခက်အခဲ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဆိပ်ကမ်းတွင် ကုန်သေတ္တာတင် သင်္ဘော ဝင်ရောက်မှုမှာ နှစ်စဉ် ၁၅ ရာခိုင် နှုန်းခန့် မြင့်တက်လျက် ရှိပြီး ဆက်လက် ၍လည်း မြင့်တက် သွားမည့် အခြေအနေ ရှိသဖြင့် ရန်ကုန်မြစ်ကို ရေစူးနက်အောင် ပြုပြင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရန်ကုန် မြစ်ကို ပြုပြင် ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နိုင်ငံတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုများ ရယူ ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ဆိပ်ကမ်းကပ် နိုင်သည့် ဆိပ်ခံတံတား အစင်းရေ ၂၀ နှင့် သီလဝါတွင် ဆိပ်ခံ တံတား ခြောက်စင်း စုစုပေါင်း၂၆ စင်းရှိပြီး တိုးခဲျ့ဆောင်ရွက် ထားသည့် သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဆိပ်ကမ်းတွင် ရေစူးအနက် ၉ မီတာရှိကာ တန်ချိန် ၂၀,၀၀၀ ဝန်းကျင်ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.