Connect with us

Economy

၂၀၁၅ တရုတ်နိုင်ငံရောက် အာဆီယံ စီးပွားရေး လုပ်ငန်းကုမ္ပဏီဆု အာဆီယံ နိုင်ငံများမှ ထိပ်သီး လုပ်ငန်းများ ဝင်ရောက်လျှောက်ထားနိုင်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံနှင့် အာဆီယံအမှတ်တံဆိပ်(အင်တာနက်)

ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Council For The Trade Promotion of International Trade (CCPIT) နှင့် China-ASEAN Business Council (CABC) တို့မှ ကြီးမှူး၍ ၂၀၁၅ ခုနှစ် တရုတ်နိုင်ငံရောက် အာဆီယံ စီးပွားရေး လုပ်ငန်းကုမ္ပဏီဆု“ 2015 Awards for ASEAN Enterprises Entering China” ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ကုန်သွယ်မှုပြုလုပ်နေသည့် အာဆီယံ (၁၀) နိုင်ငံမှ ထိပ်သီးလုပ်ငန်းများ ဝင်ရောက် လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ သိရသည်။

နှစ်နိုင်ငံလုပ်ငန်းရှင်များ အကြား စီးပွား၊ ကုန်သွယ်မှုမြှင့်တင်နိုင်ရေးကို ရည်ရွယ်၍ 4th Award for ASEAN Enterprises Entering China အတွက် တရုတ်နိုင်ငံသို့ ကုန်သွယ်မှု ပြုလုပ်နေသည့် အာဆီယံ (၁၀) နိုင်ငံမှ ထိပ်သီးလုပ်ငန်းများမှ ဆုကို ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားသူများ သည် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် စီးပွားရေးကုန်သွယ်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေပြီး ကျင်းပပြုလုပ်သည့် အိမ်ရှင်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်မှုအပေါ် ကောင်းမွန်သော သဘောထားအမြင် ရှိရမည်ဖြစ်သည်။

အာဆီယံနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏ မြင့်မားမှုရှိရမည်။ ရေရှည်တည်တံ့ခိုင်မာမှု၊ တိုးတက်မှုစွမ်းရည်နှင့် ကုန်သွယ်မှုတွင် ရေရှည်စီမံကိန်းများ ရှိရမည်။ပါဝင်ယှဉ်ပြိုင်သည့် အဖွဲ့အစည်းသည် စေတနာ့ဝန်ထမ်း (volunteer) လုပ်ငန်းများတွင် တက်ကြွစွာပါဝင် လုပ်ကိုင်သည့် အရည်အချင်းများနှင့် ပြည်စုံရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် တရုတ်နိုင်ငံရောက် အာဆီယံ စီးပွားရေး လုပ်ငန်းကုမ္ပဏီဆု “2015 Awards for ASEAN Enterprises Entering China” သို့ လျှောက်ထားရန် စိတ်ပါဝင်စားသည့် ပုဂ္ဂိုလ်များအနေဖြင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ၊ နိုင်ငံတကာ ဆက်ဆံရေးဌာနသို့ စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.