Economy
ASEAN Business Awards 2018 တွင် လျှောက်လွှာတင်၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
ရန်ကုန်၊မေ ၁၆ ရက် (ဆင်ဟွာ)
အာဆီယံစီးပွားရေးဆုပေးပွဲ (ASEAN Business Awards 2018) အတွက် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအား လျှောက်လွှာတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေပြီဖြစ်ကြောင်း ကုန်သည်စက်မှုှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ယခုနှစ်တွင် မဟာမိတ်ဖက်အဖြစ် အသိပညာများမျှဝေပေးပြီး ပူးပေါင်းပါဝင်မည့်သူများသည် Ernst & Young LLP (EY) နှင့် စင်္ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် (Singapore Management University) တို့ဖြစ်ကြောင်း သိရသည်။
ဖောင်တင်ရန် လိုအပ်ချက်များနှင့်အမည်စာရင်းတင်သွင်းရမည့်ပုံစံများကို https://www.aseanbac2018.org/asean-business-award/ မှာ download ရယူနိုင်ကြောင်း၊ ဖြည့်စွက်ထားသော Form များကို [email protected] သို့ ပေးနိုင်ကြောင်း၊ ၂၀၁၈ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ဖောင်ပိတ်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် အာဆီယံမိသားစုစီးပွားရေးဆု (ASEAN Familly Business Award) ကို ဆုအသစ်တစ်ခုအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ASEAN Family Business Award ဆုသည် အာဆီယံအသိုက်အဝန်းထဲ ၌ မိသားစု စီးပွားရေးလုပ်ငန်းကို ဘဏ္ဍာရေးနှင့် လူမှုရေးတို့တွင် ထူးချွန်အောင်မြင်စွာလုပ်ကိုင်နိုင်၍ မျိုးဆက်များစွာ တိုင်အောင် အဓွန့်ရှည်စွာ စွမ်းဆောင်နိုင်သူများကို အသိအမှတ်ပြုသောအားဖြင့် ပေးအပ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)