Politics & Security
ထိုင်း နှင့် တရုတ် နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်

ဆတ်တဟစ် ၊ ထိုင်း ၊ မေ၂၂ရက်(ဆင်ဟွာ)
အပြာရောင်တိုက်ခိုက်မှု ၂ဝ၁၆ ( Blue Stirke 2016 ) ဟုအမည်ပေးထားသည့် ထိုင်းရေတပ် နှင့် တရုတ်ရေတပ်တို့အကြား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို မေ၂၁ ရက်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ထိုင်းနိုင်ငံ ချွန်းဘူရီ (Chon Buri) ပြည်နယ်အတွင်းရှိ ဆတ်တဟစ်ရေတပ် အခြေစိုက်စခန်းတွင် ပြုလုပ်ခဲ့ပြီး ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ် Naris Prathumsumwan နှင့် တရုတ်နိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ် Wang Hai တို့အတူတကွတက်ရောက်ခဲ့ကြသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ကုန်းရေ နှစ်ခုစလုံးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတန်ပြန်စစ်ဆင်ရေးအပါအဝင် ပဋိပက္ခဖြစ်ပွားနေသော နေရာများ နှင့် သဘာဝဘေးအန္တရာယ်ကျရောက်နေသောနေရာများ မှ ပြည်သူများအား ကယ်ဆယ်ရေး အစီအစဉ် လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ် နှင့်ထိုင်း နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)
တရုတ် နှင့်ထိုင်း နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)
တရုတ် နှင့်ထိုင်း နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)
နှစ်နိုင်ငံ ရေတပ်အကြား ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းဖြင့် ဒေသတွင်းနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်ဝါဒတိုက်ဖျက်ရာတွင် စွမ်းဆောင်ရည်များပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း Wang ကဆိုသည်။ထိုင်းရေတပ်ဦးစီးချုပ် Naris က နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တရုတ် နှင့် ထိုင်းနိုင်ငံကြားကာလရှည်ရှိခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်ခိုင်မာစေကြောင်း နှင့် လက်တွေ့အသိပညာ နှင့် အတွေ့အကြုံ ဖလှယ်ရေးပိုင်းတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးလာစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
Blue Strike 2016 ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် Blue Strike 2010 ပြည့်နှစ် နှင့် Blue Strike 2012 ခုနှစ် တွင်ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများနောက်ပိုင်းတွင် တတိယအကြိမ်မြောက်ပြုလုပ်သည့် နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သည်။ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းရေတပ်က မွေ့ထိုင်းလက်ဝှေ့စွမ်းရည် နှင့် တရုတ်ရေတပ်က ကွန်ဖူးစွမ်းရည်များ ပြသခဲ့ကြသည်။ဆတ်တဟစ် ရေတပ်ဌာနချုပ်သည် ထိုင်းဘုရင့်ရေတပ်ဌာနချုပ်ဖြစ်သလို ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေတပ်အခြေစိုက်စခန်းလည်း ဖြစ်ကြောင်းသိရသည်။(Xinhua)