Connect with us

Politics & Security

ကမ္ဘာလှည့် ခရီးသွား အလွန်အကျွံ ဝင်ရောက်ခြင်းကြောင့် ထိုင်းနိုင်ငံရှိ Koh Tachai ကျွန်းအား ခရီးသည် ဝင်ရောက်ခွင့် ပိတ်သိမ်းမည်

ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားများ အထူးနှစ်သက်သည့် နာမည်ကျော် Koh Tachai ကျွန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘာလှည့် ခရီးသည်များ အလွန်အကျွံ ဝင်ရောက်ခြင်းကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တချိုင်း (Koh Tachai) ကျွန်းအား ခရီးသည် ဝင်ရောက်ခွင့်ကို ၅ လကြာ ပိတ်ထားမည် ဖြစ်ကြောင်းနှင့် နှစ်စဉ် ပြုလုပ်နေကျ ပုံမှန် ပိတ်သိမ်းချိန် ကျော်လွန်ပြီးပါက ပြန်လည် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက မေလ ၁၆ ရက်တွင် ပြောကြားသည်။

ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ် ၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမံ ထိန်းသိမ်း စောင့်ရှောက်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် Thanya Netithammakun က အက်ဒမန် ပင်လယ်တွင်းရှိ နာမည်ကျော် ခရီးသွားကျွန်းစုများကို ကျွန်း၏သဘာဝ အရင်းအမြစ်များ ပြန်လည် ရှင်သန်စေရန် ရည်ရွယ်ပြီး မေလ ၁၅ ရက် မှ အောက်တိုဘာလ ၁၅ ရက်ထိ (၅ ) လကြာ ပိတ်ထားမည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ကမ္ဘာလှည့် ခရီးသွားများကြောင့် အလွန်အကျွံ ပျက်စီးနေသည့် ကော့တချိုင်းကျွန်း ကိုမူ မည်သည့် အချိန်တွင် ပြန်လည် ဖွင့်လှစ်ပေးမည်ကို မပြောနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။ ကော့တချိုင် ကျွန်းသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ခရီးသည် ၇ဝ ဦးသာ လက်ခံနိုင်စွမ်း ရှိသော်လည်း နေ့စဉ် ခရီးသည် ဝင်ရောက်မှုမှာ အမြဲလိုလို ၁,ဝဝဝ ဦးထိ ရှိနေကြောင်း Thanya ကဆိုသည်။
ကော့တချိုင်ကျွန်းသို့ခရီးသည်များ အလွန်အကျွံ ဝင်ရောက်နေခြင်းကြောင့် ကျွန်း၏ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝ သယံဇာတများ ပျက်စီးဆုံးရှုံးမှု အန ္တရာယ်ဖြင့် ဆိုးဆိုးဝါးဝါး ခြိမ်းခြောက် ခံနေရသည်။
“ ကော့တချိုင်ကျွန်းကို သုံးလ စောပိတ်ဖို့ခရီးသွားလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကို ညွှန်ကြားခဲ့တယ်။ ဒါပေမယ့် ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့ကို သင်တန်း ပို့ချနေတဲ့ ဒီနေ့အချိန်ထိ ခရီးသွားလုပ်ငန်း ၁၄ ခုဟာ ကျွန်းထဲကို သွားရောက် လည်ပတ်ဖို့လက်မှတ်တွေ ရောင်းချနေတုန်းပဲ” ဟု Thanya က ဆိုသည်။ ဥပဒေ ချိုးဖောက်သည့် မည်သည့် ခရီးသွား ကုမ္ပဏီမဆို တရားစွဲဆို ခံရမည်ဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်း လိုင်စင်များလည်း ရုပ်သိမ်းခံရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ကော့တချိုင်ကျွန်း ဝင်ရောက်ခွင့် ပိတ်ထားသည့် ကာလအတွင်း ကျွန်းပေါ် တက်ရောက်ခွင့် ရအောင် ပြုလုပ်ပေးမည်ဟု ကတိပေးသော မည်သည့် ခရီးသွား ကုမ္ပဏီ၏ ပြောဆိုချက်ကိုမဆို မယုံကြည်ကြရန် ကမ္ဘာလှည့် ခရီးသွားများအား Thanya က သတိပေးထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.