Connect with us

Politics & Security

ဒေသတွင်း ပဋိက္ခများကို ပူးပေါင်းရွက်ခြင်းနည်းဖြင့် အဖြေရှာသင့်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

၁၅ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အားတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ ဇွန်လ ၃ ရက်က ကျင်းပသာ ၁၅ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ (15th Shangri-La Dialogue) တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒေသတွင်း ပဋိပက္ခများကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်း အဖြေရှာသင့်ကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဒေသတွင်းအတွက် ဘုံအကျိုးစီးပွား တစ်ရပ်ဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံ အနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် နိုင်ငံတကာ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပင်လယ်ဥပဒေ သဘောတူညီချက်(UNCLOS) အပါအဝင် နိုင်ငံတကာ ဥပဒေများနှင့် အညီ အငြင်းပွားနေမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် ထောက်ခံ အားပေးကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေငြာစာတမ်း”(DOC) ကို အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြဿနာ ဖြေရှင်းရာတွင် ကောင်းမွန်သော အခြေအနေတစ်ခု ဖန်တီးပေးနိုင်မည်ဟု ထိုင်းနိုင်ငံအနေဖြင့် ယုံကြည်ကြောင်း ၊ “တောင်တရုတ်ပင်လယ် အပြုအမူဆိုင်ရာ သတ်မှတ်ချက်” (COC) ကိုလည်း အမြန်ဆုံး လက်စသတ်နိုင်ရန် ထောက်ခံကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

၃ ရက်ကြာ ကျင်းပမည့် ရှန်ဂရီလာ ဆွေးနွေးပွဲသို့ နိုင်ငံနှင့် ဒေသပေါင်း ၅၂ ခုမှ အစိုးရအရာရှိနှင့် ကိုယ်စားလှယ်ပေါင်း ၅၆ဝ ဦး တက်ရောက်နေကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲကို လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာန (IISS) အဖွဲ့မှ စီစဉ် ကျင်းပခြင်း ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများ ၊ အကြီးတန်း လုံခြုံရေး အရာရှိများ ၊ စစ်တပ် အကြီးအကဲများ ၊ သံတမန်များ ၊ မီဒီယာ နှင့် အခြား ဆွေးနွေးဖက် အဖွဲ့အစည်းများမှာ တာဝန်ရှိသူများ တက်ရောက်နေကြကြောင်း သိရသည်။

တရုတ် ဗဟိုစစ်ကောင်စီ ပူးတွဲ စစ်ဦးစီးဌာန ဒုတိယ စစ်ဦးစီးချုပ် ဆွန်းကျန့်ကော် (Sun Jianguo) လည်း ရှန်ဂရီလာ ဆွေးနွေးပွဲသို့တက်ရောက်နေပြီး ဇွန်လ ၅ ရက်တွင် “ ပဋိပက္ခ ဖြေရှင်းရန် အတွက် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားရန် ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.