Connect with us

Politics & Security

ဗီယက်နမ်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလှေတိမ်းမှောက်ရာတွင် လေးဦးပျောက်ဆုံးနေ

ဗီယက်နမ် နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလှေ တိမ်းမှောက်မှုတွင် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်နေကြစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဒါနန်(Da Nag) မြို ့ရှိ ဟန်မြစ်( Han River) ၌ ဇွန် ၄ ရက် ညပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်တင် လှေတစ်စင်းတိမ်းမှောက်သည့်ဖြစ်စဉ်တွင် လူသုံးဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောသည်။

ဇွန် ၅ ရက် (ယနေ့) နံနက်ပိုင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒါနန်မြို့တော်အုပ်ချုပ်ရေးကော်မတီက တိမ်းမှောက်သွားသောလှေပေါ်တွင် ခရီးသည် ၅၆ ဦးလိုက်ပါသွားကြောင်း အတည်ပြုပြောကြားသည်။
၎င်းတို့ထဲမှ ၅၃ ဦးကိုဆယ်ယူနိုင်ခဲ့ပြီး ၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Da Nang အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ ကနဦးစုံစမ်းစစ်ဆေးမှုများအရ အဆိုပါလှေသည် ခရီးသည်များ အလွန်အကျွံတင်ဆောင်ထားခြင်းကြောင့် တိမ်းမှောက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဒါနန်မြို့တော် အုပ်ချုပ်ရေးကော်မတီက ဟန်မြစ်အတွင်းပြေးဆွဲနေသည့် ကမ္ဘာလှည့်ခရီးသည်တင်လှေအားလုံး၏ ကြံ့ခိုင်ရေးကို စစ်ဆေးရန် အတွက် စက်လှေအားလုံးပြေးဆွဲမှုကိုရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။ ထို့ပြင် စက်လှေပို့ဆောင်ရေးနှင့် ဆက်စပ်သည့် အေဂျင်စီအားလုံးကိုလည်း ယခုထုတ်ပြန်ထားသော အမိန့်အား ရုပ်သိမ်းမှုမပြုလုပ်မချင်း လှေစီးခရီးစဉ်များကို ရပ်ဆိုင်းထားရန် တင်းကြပ်စွာ လမ်းညွှန်ထားသည်။
လှေတိမ်းမှောက်မှုအတွင်း ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက် ရှိသည်။ ဒါနန်သည် ဗီယက်နမ်နိုင်ငံ၏ အထင်ကရ ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်ပြီး ဟနွိုင်းမြို့၏ တောင်ဖက် ၆ဝဝ ကီလိုမီတာ အကွာတွင် တည်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.