Connect with us

Politics & Security

အာဆီယံ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကိုတွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား

၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် လာအို နိုင်ငံ ၌ ကျင်းပ ခဲ့သည့် တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Perfecto Yasay က ဇန်ဝါရီလ ၁၁ ရက်နေ့တွင် မနီလာ ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ က အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး အာဆီယံ နိုင်ငံရေး လုံခြုံမှု အသိုက်အဝန်း တည်ဆောက်ရာတွင် ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဆိုနှစ်ခုကို အလေးထား တွန်းအား ပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Yasay က ဖိလစ်ပိုင် အစိုးရ အနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် Davao မြို့၌ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် စတင် ထမ်းဆောင်ခြင်း အခမ်းအနား ကို ကျင်းပ မည်ဖြစ်ကြောင်း ၊ ယခုနှစ်သည် အာဆီယံ နိုင်ငံ များအတွက် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် အခြားနိုင်ငံများနှင့်ပူးပေါင်းကာ ရေကြောင်း လုံခြုံရေး ကိစ္စရပ် ဖြေရှင်းခြင်း ကို အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အာဆီယံ ပြင်ပ အခြားပူးပေါင်းဆောင်ရွက်မှုများ နှင့် ပတ်သက်၍ Yasay က ဖိလစ်ပိုင်အနေဖြင့် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားမည်ဖြစ်ပြီး ရေကြောင်း လုံခြုံရေး ကို တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် မလေးရှား နှင့် အင်ဒိုနီးရှား တို့နှင့် သုံးနိုင်ငံ သဘောတူညီမှု ကိုရရှိခဲ့ပြီး သုံးနိုင်ငံ ရေကြောင်း နယ်နမိတ် အတွင်း ပေါ်ပေါက်နိုင်သော ပင်လယ်ဓားပြ နှင့် အနုကြမ်းစီးမှု များကို ဖြေရှင်းသွားရန် ဖြစ်ကြောင်း ၊ ဤသည်မှာ ဒေသတွင်း လုံခြုံရေး ကိစ္စရပ်များ ဖြေရှင်းရန် နမူနာ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် အင်ဒိုနီးရှား ၊ ထိုင်း ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ဘရူနိုင်း ၊ မလေးရှား ၊ ဗီယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယား နှင့် မြန်မာ နိုင်ငံ တို့ပါဝင်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.