Connect with us

Politics & Security

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ လာအို၌ တွေ့ဆုံဆွေးနွေး

လာအိုနိုင်ငံ၌ မေလ ၂၅ ရက်က ကျင်းပခဲ့သော အရှေ့ တောင်အာရှ ကာကွယ်ရေးဝန်ကြီးဆွေးနွေးပွဲမြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အရှေ့တောင်အာရှ ၁ဝ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ နိုဝင်ဘာလ ၁၆ ရက်တွင်တွေ့ဆုံပြီး လုံခြုံရေးခြိမ်းခြောက်မှု နှင့် စိန်ခေါ်မှုများဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ ကျွန်တော်တို့ဒေသတွင်းမှာ သာမန်ပုံစံရော သာမန်မဟုတ်တဲ့ ပုံစံရော လုံခြုံရေးခြိမ်းခြောက်မှု နဲ့စိန်ခေါ်မှုတွေ နှစ်မျိုးစလုံးကြုံတွေ့နေရပါတယ်။ ဒါတွေကို နိုင်ငံတစ်နိုင်ငံထဲက ကိုင်တွယ်ဖြေရှင်းလို့မရပါဘူး” ဟု အစည်းအဝေးပွဲတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူ လာအိုနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Chansomone Chanyalath က အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး( ADMM) ၏ အဖွင့်မိန်းခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ ယေဘူယျပြောရမယ်ဆိုရင် ဒေသတွင်းနဲ့နိုင်ငံတကာ ပတ်ဝန်းကျင်တွေမှာ ရှုပ်ထွေးမှုတွေဟာ ဆက်တိုက် ဖြစ်နေသလို အပြောင်းအလဲတွေက လျင်လျင်မြန်မြန် ဖြစ်ပေါ်နေပါတယ်။ အာဆီယံ နဲ့နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဒေသတွင်းက ဖွံ့ဖြိုးမှုတွေ နဲ့ စိန်ခေါ်မှုတွေကို စိုးရိမ်ပူပန်မှုတွေဆက်လက် ဖြစ်ပေါ်နေပါတယ် ” ဟု ဒုတိယဗိုလ်ချုပ်ကြီး Chansomone ကဆိုသည်။

“ အကြမ်းဖက်ဝါဒီတွေ နဲ့အစွန်းရောက်တွေဟာ ကျွန်တော်တို့ဒေသတွင်းအပါအဝင် ကမ္ဘာ့အစိတ်အပိုင်းများစွာကို ရက်ရက်စက်စက်တိုက်ခိုက်ပြီး ဒေသတွင်းနဲ့ကမ္ဘာ့ငြိမ်းချမ်းရေး နဲ့တည်ငြိမ်ရေး ကို ခြိမ်းခြောက်နေပါတယ် ” ဟု ၎င်းက ဆိုသည်။

“ သဘာဝဘေးအန္တရာယ် နဲ့ရာသီဥတုပြောင်းလဲမှုဟာလည်း နိုင်ငံသားတွေ ၊ ဒေသတွင်းနဲ့နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေ အပါအဝင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်ကတည်းက ဒေသတွင်း လုံခြုံရေးရဲ့ စိန်ခေါ်မှု နဲ့ခြိမ်းခြောက်မှု အဖြစ် ဆက်လက်တည်ရှိနေပါတယ် ” ဟု လာအိုနိုင်ငံကာကွယ်ရေးဝန်ကြီးက ဆိုသည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ပြန်လည်သုံးသပ်သည့် အစည်းအဝေးသည် လာအိုနိုင်ငံက ၂ဝ၁၆ ခုနှစ်တွင် ဥက္ကဋ္ဌရာထူး ရယူထားသည့် အဖွဲ့ဝင် ဆယ်နိုင်ငံပါဝင်သော အာဆီယံအစည်းအဝေး၏ အစည်းအဝေးများစွာထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

ADMM(အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး) သည် အာဆီယံကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ အမြင့်ဆုံးအစည်းအဝေးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.