Connect with us

Politics & Security

အာဆီယံခေါင်းဆောင်များက နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန် မြောက်ကိုရီးယားအား တိုက်တွန်း

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင် တက်ရောက်လာသော ခေါင်းဆောင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

မနီလာ ၊ ဧပြီ ၃ဝ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များက မြောက်ကိုရီးယားနိုင်ငံ၏ တာလတ်ပစ်ဒုံးကျည်များစမ်းသပ်ပစ်ခတ်နေသည့် ကိစ္စရပ်အပေါ် စိုးရိမ်ပူပန်ကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေများကို တိတိကျကျ လေးစားလိုက်နာရန် တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များသည် အကြိမ် ၃ဝ မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဧပြီလ ၂၉ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ရောက်ရှိနေကြသည်။

ယခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ရယူခဲ့ကြောင်း ယနေ့(ဧပြီလ ၃ဝ ရက်) တွင် ထုတ်ပြန်သည့် ဥက္ကဋ္ဌကြေညာချက်တွင် ဖော်ပြထားသည်။

“ ကိုရီးယားကျွန်းဆွယ်အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာ အပါအဝင် မကြာသေးခင်က ရေငုပ်သင်္ဘောက တဆင့် ပစ်ခတ်နိုင်တဲ့ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တာဟာလည်း စိုးရိမ်စရာကောင်းပါတယ် ” ဟု အာဆီယံခေါင်းဆောင်များက ဆွေးနွေးခဲ့ကြကြောင်း ဥက္ကဋ္ဌ၏ ကြေညာချက်ထဲတွင် ဖော်ပြပါရှိသည်။

“ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်တွေ၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတဲ့လုပ်ရပ်အားလုံးကို ချက်ချင်းရပ်စဲဖို့တိုက်တွန်းပါတယ်” ဟု အာဆီယံခေါင်းဆောင်များက ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံခေါင်းဆောင်များသည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးကို ထောက်ခံကြောင်း နှင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော အာဆီယံအသင်းသည် ယခုနှစ်တွင် အသင်း၏ နှစ် ၅ဝ ပြည့် အခါသမယဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117