Politics & Security
၃၇ ကြိမ်မြောက် AIPA ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် နာယကက လွှဲပြောင်းရယူ

နေပြည်တော်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
၃၇ ကြိမ်မြောက် အာဆီယံ ပါလီမန်များ ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက မလေးရှားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Mr. Tan Sri Datuk Pandikar Amin Mulia ထံမှ ယနေ့နံနက်တွင် လွှဲပြောင်း ရယူခဲ့သည်။
နေပြည်တော်၊ MICC (1) တွင် ယနေ့နံနက် ၈ း ၃၀ နာရီ၌ ကျင်းပသည့် ၃၇ ကြိမ်မြောက် AIPA ဥက္ကဋ္ဌ ရာထူးကို ပြည်ထောင်စု လွှတ်တော် နာယကက လွှဲပြောင်းရယူခြင်း အခမ်းအနားတွင် AIPA ဥက္ကဋ္ဌ၏ တူနှင့်တကွ AIPA အတွင်းရေးမှူးရာထူးနှင့် AIPA ရုံးခန်း တို့ကိုလည်း လွှဲပြောင်းရယူ ခဲ့သည်။
မြန်မာနိုင်ငံက အလှည့်ကျ အိမ်ရှင် အဖြစ် ကျင်းပသည့် အဆိုပါ ၃၇ ကြိမ်မြောက် အာဆီယံ ပါလီမန် များ ညီလာခံ (AIPA) ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး ထိုပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု သိရသည်။ (Xinhua)