Connect with us

Politics & Security

လူထုကို အလေးထား၊ ကိုယ်စားပြုသည့် လွှတ်တော်များ ဖြစ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ MICC (1), Jade Hall ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ဦးထင်ကျော် က သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ ဆောင်ပုဒ် အဖြစ် “အာဆီယံ အသိုက်အဝန်း တိုးတက် ထွန်းကားရေး အာဆီယံ ပါလီမန်များ ညီလာခံက တက်ကြွလှုပ်ရှားပေး” ဟု ရွေးချယ်ခဲ့ခြင်းကို မှတ်သားရပါကြောင်း၊ နိုင်ငံရေးအရ စည်းလုံးမှုရှိပြီး စီးပွားရေးအရ ပေါင်းစည်း၍ လူမှုရေးအရ တာဝန်ယူမှုရှိသည့် အာဆီယံ ဒေသအဖြစ် အကောင်အထည်ဖော်ရန် ကြိုးပမ်းအားထုတ် မှုများမှာ အရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်မှုတွင် တိုးတက်မှုကောင်းများ ရရှိနေကြောင်း ပြောခဲ့သည်။

ထို့ပြင် သဝဏ်လွှာတွင် အာဆီယံအစိုးရများနှင့် ပါလီမန်များအား အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂ဝ၂၅ အကောင်အထည်ဖော်မှုတွင် အတူတကွ လက်တွဲဆောင်ရွက်ကြရန် သမ္မတ ဦးထင်ကျော် က တိုက်တွန်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

(၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေ ညီလာခံ (AIPA) ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ (ဆင်ဟွာ)

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံ (AIPA) ဖွင့်ပွဲတွင် လူထုကို ဗဟိုပြုပြီး လူထုကို အလေးထားသည့် စည်းမျဉ်း အခြေပြု လွှတ်တော်များ ဖြစ်ရန် ပြောကြားခဲ့သည်။

“လူထုကို အလေးထားတဲ့ လူထု ဗဟိုပြု အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရန် အာဆီယံ အဖွဲ့ကြီးကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်၊ စည်းမျဉ်း အခြေပြုဆိုတာဟာ အထူးသဖြင့် ဥပဒေပြု အမတ်များ အတွက် လွန်စွာပဲ အရေးကြီးပါတယ်၊ ဥပဒေ ပြုသူတွေဟာ ဥပဒေကို ချိုးဖောက်သူတွေ ဖြစ်နေလို့မရပါဘူး၊ လွှတ်တော် တစ်ရပ်လုံး အနေနဲ့ရော သူတို့ကိုယ်တိုင်ကိုယ်ကျပါ ဥပဒေ စည်းမျဉ်းတွေနဲ့လုပ်ထုံး လုပ်နည်းတွေ အပြင် ဒီမိုကရက်တစ် အစိုးရရဲ့ ဥပဒေပြု မဏ္ဍိုင်ကို အမှန် တကယ် ကိုယ်စား ပြုနေတဲ့ ဥပဒေတွေကိုပါ သိရှိ နားလည်နေရမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် စည်းမျဉ်း အခြေပြုပြီး လူထုကို အလေးထားတဲ့ လူထု အခြေပြု မူဘောင်များကို အကောင်းဆုံး အကောင်အထည်ဖော်ပေးနိုင်တဲ့ နိုင်ငံတော် အဆင့် အဖွဲ့အစည်းဟာ လွှတ်တော်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ဒီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များ အနေနဲ့ ဒီဆောင်ပုဒ် (ယခုနှစ် AIPA ဆောင်ပုဒ်) ထက် သာလွန်ပြီး ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက် ကြမယ်ဆိုတာ ယုံကြည်ထားပါတယ်” ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် AIPA ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းကလည်း အမှာ စကား ပြောကြားခဲ့သည်။

AIPA အစည်းအဝေးများကို ယနေ့မှ စ၍ အောက်တိုဘာလ ၃ ရက်အထိ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.