Connect with us

China

တရုတ် နှင့် ဗြိတိန်တို့သည် ကုန်သွယ်ရေး အလားအလာကောင်းများ အပြည့်အဝ ရရှိမည်ဟု စီးပွားရေး ဝန်ကြီး ပြောကြား

တရုတ် နိုင်ငံ စီးပွားကူးသန်း ဝန်ကြီး ကောင်းဟူချန်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံနှင့် ဗြိတိန် နိုင်ငံသည် အဓိကအားဖြင့် တန်ဖိုးမြှင့် ပစ္စည်းများနှင့် နည်းပညာ မြင့်မားသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှု ဆိုင်ရာ ကုန်သွယ်ရေး လုပ်ငန်းများ ၊ အခြေခံ အဆောက်အအုံ စီမံကိန်းများ အစရှိသည့် နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အကျိုးရှိမည့် အလားအလာ ကောင်းများကို အပြည့်အဝ လုပ်ဆောင် သင့်ကြောင်း တရုတ် နိုင်ငံ စီးပွားကူးသန်း ဝန်ကြီး ကောင်းဟူချန်း က အောက်တိုဘာ ၁၈ ရက် တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် တရုတ်နိုင်ငံသည် ဗြိတိန် နိုင်ငံသို့ တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့မှုကို မြှင့်တင်ရန် ဆန္ဒရှိပြီး တစ်ဖက်တွင်လည်း ဗြိတိန်၏ ကောင်းကျိုး သာလွန်မှုများ ဖြစ်သည့် အဆင့်မြင့် ကုန်ထုတ်လုပ်မှု၊ မြင့်မားသော နည်းပညာသစ်များ၊ သုတေသန လုပ်ငန်းများ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးချဲ့ရန် အစရှိသည့် တို့ အပေါ် အကျိုးရှိစွာ အသုံးပြုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းက သမ္မတ ရှီကျင့်ဖိန်၏ ဗြိတိန် ခရီးစဉ်သည် အောက်တိုဘာ ၁၉ မှ ၂၃ ရက်အထိ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ဆယ်စုနှစ်အတွင်း တရုတ်သမ္မတ တစ်ယောက်အနေ ဖြင့် ဗြိတိန်သို့ ပထမဆုံး ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း တရုတ် နှင့် ဗြိတိန်ကြား နှစ်နိုင်ငံ ဆက်ဆံရေးကို နီးကပ်အောင် တိုးမြှင့်သွားပြီး အထူးသဖြင့် စီးပွားရေးနှင့် အပြန်အလှန် ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကောင်းမှ ပြောကြားခဲ့သည်။

ကောင်းမှ ဆက်လက်၍ နှစ်နိုင်ငံသည် မြန်နှုန်းမြင့် ရထားများ၊ နျူကလီယား စွမ်းအင်၊ ဇီဝသိပ္ပံ၊ ဂြိုဟ်တု ဆိုင်ရာ ကိစ္စရပ်များ၊ စွမ်းအင်သစ်၊ နှင့် စွမ်းအင် သစ်သုံး မော်တော်ယာဉ်များ စသည့် စက်မှုလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုများကို ရှေ့ဆက် အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသို့ ဥရောပ၏ နည်းပညာမြင့် ထုတ်ကုန်များတင်ပို့မှုကို မြှင့်တင်ရာတွင် ဗြိတိန်သည် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်ရန် မျှော်လင့်ပါကြောင်း၊ တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှု သဘော တူညီချက် အား ဆောလျင်စွာ လုပ်ဆောင်နိုင်ခြင်းနှင့် တရုတ်-ဥရောပ လွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ ဖြစ်နိုင်ခြေများကို လေ့လာခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်မှုများကို ရေရှည် တည်တံ့ စေကြောင်း ပြောကြားခဲ့သည်။

ဥရောပ သမဂ္ဂအတွင်း ဗြိတိန်သည် တရုတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး တရုတ်သည် ဗြိတိန်၏ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၃ ခုနှစ်ထက် ၁၅.၃ ရာခိုင်နှုန်း တိုးတက်လာကာ အမေရိကန် ဒေါ်လာ ၈၀.၈၇ ဘီလီယံ အထိ ရောက်ရှိလာသည်။ ၎င်းတိုးတက်မှုနှုန်းက ဥရောပ သမဂ္ဂ အတွင်း တရုတ်နိုင်ငံ ၏ ကုန်သွယ်ဘက်များ အကြား ဗြိတိန်အား ပထမနေရာသို့ ရောက်ရှိစေခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.