Connect with us

China

တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းမှု မဖြစ်နိုင်ဟု HSBC အကြီးအကဲ ခန့်မှန်း

ဗြိတိန်နိုင်ငံရှိ HSBC ဘဏ်ခွဲတစ်ခု အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ပူပန်ကြောင့်ကြမှုသည် အစိုးရိမ်လွန်ခြင်းသာ ဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုသည် မဖြစ်လာနိုင်ကြောင်း HSBS ဘဏ်လုပ်ငန်း အုပ်စု အမှုဆောင် အရာရှိချုပ် စတူးအက် ဂယ်လီဗာက အောက်တိုဘာလ ၁၆ ရက်တွင် လန်ဒန်ညီလာခံ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထုတ်ကုန် သုံးစွဲသူ အင်အားသည် ကြီးမား ခိုင်မာနေဆဲ ဖြစ်ကြောင်း၊ ယခင် စီးပွားရေး ကျဆင်းခဲ့မှုသည် တဖြည်းဖြည်း ကောင်းမွန်လာကြောင်း၊ အိမ်ခြံမြေ ဈေးကွက်တွင် ပြန်လည် ဦးမော့လာသည့် လက္ခဏာများ ရှိကြောင်း နှင့် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု များအတွက် ရန်ပုံငွေများ တိုးတက်လာကြောင်း ဂယ်လီဗာ မှ HSBC ၏ တရုတ်နိုင်ငံသို့ လမ်းသစ်များ အမည်ရှိ ညီလာခံ တွင် မိန့်ခွန်း ပြောကြား ခဲ့သည်။

၎င်းက တရုတ် နိုင်ငံ စီးပွားရေး ကျဆင်းသွားမည်ဟု မယုံကြည်ကြောင်း နှင့် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု သည် ယခုနှစ်တွင် ၇ ရာခိုင်နှုန်းခန့် ရှိမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ တိုးတက်မှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုထက် ကျော်လွန် သွားနိုင်ကြောင်း၊ တရုတ်၏ တိုးတက်မှုနှင့် မြို့ပြ ဖွံ့ဖြိုးမှုသည် ဈေးကွက်သစ်များ ချဲ့ထွင်ခြင်းနှင့် အသိပညာ ဆိုင်ရာ စီးပွားရေး ဈေးကွက် အသစ်များ အတွက် အခွင့်အလမ်းကောင်းများ အဆက်မပြတ် ဖြစ်ပေါ် စေနိုင်ကြောင်း ဂယ်လီဗာမှ ပြောကြား ခဲ့သည်။ (Xinhua)