Connect with us

China

တရုတ် က လာအိုနယ်စပ်အနီး ရှိ နယ်စပ် စီးပွားရေးဇုန် တွင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ ရန်စီစဉ်

တရုတ်- လာအို နယ်စပ် ဂိတ်ရှိ ကုန်တင်ကား တစ်စီးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ က လာအိုနိုင်ငံ နယ်စပ်ရှိ ရှေ့ပြေး စီးပွားရေးဇုန် စီမံကိန်း တွင် တရုတ်ယွမ် ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁ဘီလီယံ) ရင်းနှီးမြှုပ်နှံ မည်ဟု ကြေညာ ခဲ့ကြောင်းသိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု သည် ယူနန်ပြည်နယ်၊ ရှီးရှုံးဘန်န ဒိုင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု အတွင်း မန်ဂလာ ဇုန်ရှိ သယ်ယူပို့ဆောင်ရေး၊ ပညာရေး နှင့် စွမ်းအင်ဆိုင်ရာ စီမံကိန်း ၂၄၀ ကျော် အတွက် အကျုံးဝင်မည် ဖြစ်ကြောင်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင် ပြောင်းလဲရေး ကော်မရှင် နှင့် ရှီးရှုံးဘန်န အစိုးရ ၏ ပြောကြားချက် တို့ အရ အောက်တိုဘာလ ၁၉ က သိရှိရသည်။

တရုတ် အစိုးရ ဝန်ကြီးအဖွဲ့ နိုင်ငံတော် ကောင်စီ မှ ဇူလိုင် လတွင် အတည်ပြု ပေးခဲ့သည့် နယ်စပ်ဒေသ မိုဟန်မြို့ ရှိ ၄၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် အဆိုပါဇုန် တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရင်ပြင်တစ်ခု ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မန်ဂလာ ရှေ့ပြေး စီးပွားရေးဇုန် သည် တရုတ် နှင့် လာအို ကြား ပူးပေါင်း ဆောင်ရွက်မှု ဗျူဟာအတွက် အရေးကြီးကြောင်း၊ တရုတ် နှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်များ အတွက် ပြီးပြည့်စုံသော ဆက်သွယ်ရေး အချက်အချာ တစ်ခုဖြစ်ကြောင်း နှင့် နယ်စပ်ဒေသ အတွက် စီးပွားရေး တိုးတက်မှု တွန်းအား တစ်ခုပင်ဖြစ်ကြောင်း ယူနန် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန ၏ တာဝန်ရှိသူ ရမ်ကျင့်ကျုံး က ပြောကြားခဲ့သည်။
တရုတ်-လာအို နိုင်ငံတကာ ရထားလမ်း ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ယူရှီ မှ မိုဟန် သို့ ရထားလမ်း ပေါ်ရှိ အဆိုပါ စီးပွားရေးဇုန် ဆောက်လုပ်ခြင်းကို စတင်နေပြီ ဖြစ်ကြောင်း နှင့် မန်ဂလာ လေဆိပ် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် နေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရထားလမ်း နှင့် လေဆိပ်တို့သည် ၂၀၂၀ ပြည့်နှစ် တွင် စတင် အသုံးပြုနိုင်မည်ဟု ခန့်မှန်း ကြောင်းသိရသည်။
အဆိုပါ ဇုန်သည် စိုက်ပျိုးရေး၊ ဇီဝစက်မှုလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နှင့် ယဉ်ကျေးမှု အခြေခံ ခရီးသွားလုပ်ငန်း တို့ကို အဓိက လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရှီးရှုံးဘန်န စီရင်စု အစိုးရ အဖွဲ့ ခေါင်းဆောင် လုဟုန်ကျန်း မှ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.