Connect with us

China

တရုတ် နှင့် အင်ဒိုနီးရှား ပူးပေါင်း၍ ဂျာကာတာ-ဘန်ဒေါင်း ရထားလမ်း စီမံကိန်း ဖက်စပ်လုပ်ဆောင်

တရုတ်နိုင်ငံ ရှင်းကျန်း ပြည်နယ်ရှိ အမြန် ရထားလမ်း အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ ရထားလမ်း စီမံကိန်း လုပ်ငန်း အုပ်စုကြီးများမှ အဆင့်မြင့် အရာရှိများသည် အင်ဒိုနီးရှားနိုင်ငံ အတွင်း အနောက် ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းမြို့ နှင့် ဂျာကာတာကို ဆက်သွယ်ပေးမည့် ရထားလမ်း စီမံကိန်း ဖက်စပ် လုပ်ဆောင်ရန် သဘောတူညီမှု စာချုပ်ကို သောကြာနေ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှု စာချုပ်ကို PT Piller Sinergi BUMN Indonesia မှ ဥက္ကဌ Sahala Lumban Gaol နှင့် တရုတ် ရထားလမ်း ကုမ္ပဏီမှ ဥက္ကဌ ရန်ကျုံးမင် တို့ လက်မှတ် ရေးထိုးခဲ့ဲပြီး အခမ်းအနားသို့ တရုတ် သံအမတ် ရှိးဖန် တက်ရောက် ခဲ့ကြောင်း သိရသည်။

အမေရိကန် ဒေါ်လာ ၅.၅ ဘီလီယံ တန်ဖိုးရှိ ထိုရထားလမ်း စီမံကိန်းကို ဦးစီး ဆောင်ရွက်ရာတွင် အင်ဒိုနီးရှား ဖက်မှ အဆိုပါ ဖက်စပ် လုပ်ငန်း၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားမည် ဖြစ်ပြီး တရုတ်ဖက်မှ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အရှည်အားဖြင့် ကီလိုမီတာ ၁၅၀ ရှိသည့် ထိုရထားလမ်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ မှ ၂၅၀ အမြန်နှုန်းရှိ ရထားများ မောင်းနှင် နိုင်မည်ဟု ခန့်မှန်းရသည်။

ထို့ပြင် တရုတ် နိုင်ငံသည် လာအိုနိုင်ငံနှင့်လည်း နှစ်နိုင်ငံ သာမက အခြားအာဆီယံ နိုင်ငံများနှင့်ပါ ဆက်သွယ်မည့် ရထားဖောက်လုပ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အဆိုပါ ရထားလမ်း စီမံကိန်းကို ယခုနှစ် နှောင်းပိုင်းတွင် စတင် အကောင်အထည် ဖော်သွားရန် ခန့်မှန်းကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအတွင်း မြန်နှုန်းမြင့်ရထားများ ထုတ်လုပ်နိုင်သည့် စက်ရုံများ တည်ဆောက်နိုင်ရန် နည်းပညာများကို လွှဲပြောင်းထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး ၎င်းရထားများကို ဈေးကွက်သို့ နှစ်နိုင်ငံ ဖက်စပ် လုပ်ဆောင်ပြီး တင်ပို့ပေးသွားမည် ဖြစ်ကြောင်း တရုတ် သံအမတ် ရှီးဖန်က ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းသည် အရှေ့တောင်အာရှ အတွင်း တရုတ်နိုင်ငံ၏ ရထားလမ်း ကွန်ရက် တည်ဆောက်ရေးကို ပိုမို ကျယ်ပြန့်စေပြီး ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက် နိုင်ငံများ အချင်းချင်း ဆက်သွယ် နိုင်မှုကို မြှင့်တင် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.