Connect with us

China

ဂျော်ဂျီယာ နိုင်ငံ တက်ဘယ်လီဆီမြို့တွင်၂၀၁၅ ခုနှစ် ခေတ်သစ် ပိုးလမ်းမကြီး ဆိုင်ရာ ဖိုရမ် စတင်

ဂျော်ဂျီယာ ဝန်ကြီးချုပ် အီရာကလီ ဂါရီဘာရှဗီလီက တက်ဘယ်လီဆီမြို့တွင် ကျင်းပသော ၂၀၁၅ ခုနှစ် ခေတ်သစ် ပိုးလမ်းမကြီး ဆိုင်ရာ ဖိုရမ် ဖွင့်လှစ်ခြင်း အခမ်းအနား ၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

တက်ဘယ်လီဆီ၊ အောက်တိုဘာလ ၁၆ ရက် (ဆင်ဟွာ)

ဂျော်ဂျီယာ ဝန်ကြီးချုုပ် အီရာကလီ ဂါရီဘာရှဗီလီ မှ ခေတ်သစ် ပိုးလမ်းမကြီးသည် ပေကျင်း မှသည် ဘရပ်ဆဲလ် မြို့အထိ နိုင်ငံတကာမှ ပြည်သူများ အတွက် များပြားလှသော အလားအလာကောင်းများနှင့် ကောင်းကျိုးများစွာကို ဖြစ်ထွန်း စေနိုင်ကြောင်း ၂၀၁၅ ခုနှစ် ခေတ်သစ် ပိုးလမ်းမကြီး ဆိုင်ရာ ဖိုရမ် ဖွင့်လှစ်ခြင်း အခမ်းအနား ၌ အောက်တိုဘာလ ၁၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်က ဖိုရမ်၏ ရည်ရွယ်ချက်မှာ ဒေသတွင်း နိုင်ငံ များအနေဖြင့် ပိုးလမ်းမကြီး ပြန်လည် တည်ဆောက်ရာတွင် တက်တက်ကြွကြွ နှင့် ကြိုးကြိုးစားစား ပါဝင် လုပ်ဆောင်ကြရန်၊ အဟန့်အတားများကို ဖယ်ရှားပြီး ပိုမို လေးနက်သည့် စည်းလုံး ညီညွတ်မှု ရရှိစေရန် နှင့် တူညီသော ချမ်းသာ ကြွယ်ဝမှု ရရှိစေရန် ဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းက တရုတ်နိုင်ငံမှ အဆိုပြုသော ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းတွင် ဂျော်ဂျီယာ နိုင်ငံအနေဖြင့် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင် သွားမည်ဟု ကတိ ပေးပါကြောင်း ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန် ဒုတိယ ဝန်ကြီးချုပ် အာဘစ်ဒ် ရှာရှဖော့ နှင့် ကာဂျစ္စတန် ဒုတိယ ဝန်ကြီးချုပ် ဗယ်လီ ဒေးလ် တို့လည်း ဖွင့်ပွဲ အခမ်းအနား၌ အသီးသီး မိန့်ခွန်း ပြောကြား ခဲ့ကြသည်။ ထို့နောက် ပိုးလမ်းမကြီးနှင့် ဆက်စပ်လျက် ရှိသော နိုင်ငံများအား ခေတ်သစ် ပိုးလမ်းမကြီး လုပ်ငန်းစဉ်များ တွင် ပိုမို ပူးပေါင်း ပါဝင်ပြီး ချိတ်ဆက် လုပ်ဆောင်ကြရန် နှင့် ဒေသတွင်း ဘုံအကျိုးစီးပွားကို ရှာဖွေကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံပေါင်း ၃၀ မှ အစိုးရ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်း ၂၀ နှင့် ကုမ္ပဏီကြီး ၃၀၀ ခန့်မှ စီးပွားရေး ခေါင်းဆောင်များသည် ဂျော်ဂျီယာ နိုင်ငံ မြို့တော် တက်ဘယ်လီဆီသို့ ဖိုရမ် တက်ရောက်ရန် ရောက်ရှိ လာနေကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117