Connect with us

China

မြေထဲပင်လယ် ဒေသသို့ သွားမည့် သင်္ဘောလိုင်းသစ် ထျန်းကျင်း ဆိပ်ကမ်းတွင် ဖွင့်လှစ်

တရုတ်နိုင်ငံ ထျန်းကျင်း ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘော တစ်စီး အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့စတုတ္ထအကြီးဆုံး ထျန်းကျင်း ဆိပ်ကမ်းမှ မြေထဲပင်လယ်ဒေသ၏ အရှေ့ဘက် ကမ်းရိုးတန်း တလျှောက် သို့ သွားမည့် ပုံမှန် သင်္ဘောလိုင်းသစ် တစ်ခု ဖွင့်လှစ်လိုက်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကြောင်းတွင် ကွန်တိန်နာ သင်္ဘော ကိုးစင်း ပြေးဆွဲမည် ဖြစ်ပြီး မလေးရှား၊ အိန္ဒိယ၊ အစ္စရေး၊ အီဂျစ်နှင့် တူရကီနိုင်ငံများကို ဖြတ်သန်းသွားမည် ဖြစ်သည်။

“ဒီလမ်းကြောင်းသစ်ဟာ ကုန်စည်လွှဲပြောင်းမှု အချိန်လျှော့ချနိုင်ပြီး အချိန်တိုတိုနဲ့ အကျိုးရှိနိုင်မယ် ဆိုတာကိုတော့ အာမခံပါတယ်” ဟု ထျန်းကျင်း သင်္ဘောကုမ္ပဏီ၏ လက်ထောက် အထွေထွေ မန်နေဂျာ ယူ ကောချင့် ကပြောသည်။အဆိုပါ ကွန်တိန်နာ သင်္ဘောတစ်စီးစီတွင် ကွန်တိန်နာပေါင်း ၄,၂၅၀ ကိုတင်ဆောင်နိုင်ပါမည် ဖြစ်သည်။

ယခုနှစ်စပိုင်းကတည်းက ထျန်းကျင်း ဆိပ်ကမ်း သင်္ဘော ကုမ္ပဏီသည် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တလျှောက် တွင် လမ်းကြောင်း ၁၀ ခုဖွင့်လှစ်ခဲ့ပြီး အာရှ၊ အာဖရိကနှင့် ဥရောပ တခွင်သို့ ရေကြောင်းဖြင့် လမ်းကြောင်းချဲ့ ထွင်ခဲ့သည်။ ထိုလမ်းကြောင်းတလျှောက်တွင် ပင်လယ်ကူးသင်္ဘောပေါင်း ၃၀၀ ကျော် လစဉ်သွားလာလျက် ရှိသည်။ဇန်နဝါရီမှ စက်တင်ဘာလအထိ ထျန်းကျင်းဆိပ်ကမ်း၌ ကုန်စည် တန်ချိန်သန်း ၄၀၀ အား အတင်အချ ပြုလုပ် ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117