China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် APEC အစည်း အဝေး၌ မိန့်ခွန်းပြောကြား
မနီလာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အာရှ-ပစိဖိတ် နိုင်ငံများအတွင်း လွတ်လပ်သော ကုန်သွယ်ဒေသ တည်ထောင်မှု အရှိန် မြှင့်တင် သွားမည် ဖြစ်ကြောင်းနှင့် ဒေသ တွင်း ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များအား နှောင့်ယှက်မည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း အေပက် (APEC) အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်း ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြုလုပ်နေသည့် အေပက် (APEC) စီအီးအို ထိပ်သီး အစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (FTAAP) သဘောတူညီမှု ခိုင်မာစေရေးနှင့် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုများအား မြှင့်တင်ရန် သမ္မတ ရှီက အကြံပြုထားသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် APEC အစည်း အဝေး၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)
ထို့ပြင် အေပက် စီးပွားရေးအား ဖွံ့ဖြိုးမှု အတွက် ငြိမ်းချမ်းသည့် ဝန်းကျင်ကောင်းအား ထိန်းသိမ်း စောင့်ရှောက်ရန်လည် ရှီက တိုက်တွန်းလိုက်သည်။
စီးပွားရေးနှင့် ပတ်သက်၍လည်း ရှီ၏ မိန့်ခွန်းထဲ၌ အာရှ-ပစိဖိတ် ဒေသအတွင်း ချိတ်ဆက်မှုများ မြှင့်တင်လျက် ဒေသဆိုင်ရာ စီးပွားရေးအား ပိုမို အားကောင်းလာစေရန် အားထုတ် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဤကဲ့သို့ ချိတ်ဆက်မှု ကောင်းခြင်းဖြင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု အလားအလာ တိုးတက်လာ နိုင်ကြောင်း ပြောကြား ခဲ့သည်။
ထို့အပြင် သမ္မတရှီက တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများအား ဖိတ်ခေါ်ထားပြီး ယင်းအတွက် မူဝါဒများကမူ ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အတွက် ပိုကောင်းသည့် ဝန်ဆောင်မှုများအား ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တံခါးဖွင့် ဝါဒအား ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)