Connect with us

China

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဇုန် အမြန်ဆုံး တည်ဆောက်ရန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် APEC အစည်း အဝေး၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

မနီလာ ၊ နိုဝင်ဘာ ၂၀ (ဆင်ဟွာ)

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ခေါင်းဆောင် အစည်းအဝေး (APEC) ၂၃ ကြိမ်မြောက် အစည်းအဝေး ကို နိုဝင်ဘာလ ၁၉ ရက်က ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့တွင် စတင်ကျင်းပ ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ “မိတ်ဆွေ ဆက်ဆံရေး ပုံစံအား တိုးမြှင့်၍ အတူတကွ ဖွံ့ဖြိုး တိုးတက်ရေး” ဟူသော အရေးပါသည့် မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြား ရာတွင် ယမန်နှစ် နိုဝင်ဘာလ တွင် ကျွန်တော် တို့အနေဖြင့် တရုတ် နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံ စုစည်း ခဲ့ကြပြီး အာရှ-ပစိဖိတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လမ်းပြ မြေပုံ ကြီးအား ရေးဆွဲ နိုင်ခဲ့ကြောင်း ၊ ယခု နှစ်တွင်လည်း ထပ်မံ စုစည်းကာ အာရှ-ပစိဖိတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအားပေး နိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် ယခု အကြိမ် အစည်းအဝေး အတွက် ပြင်ဆင်မှု များစွာ ပြုလုပ် ခဲ့သည့် အတွက် ကျေးဇူး တင်ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန်က အာရှ-ပစိဖိတ် ဒေသ သည် ကမ္ဘာတစ်ခုလုံး၏ စီးပွားရေး အရေးပါသော အနှစ်ချုပ် ဒေသ တစ်ခု ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ် ဒေသ သည် ကမ္ဘာ့စီးပွားရေးကို တွန်းအားပေး နေသော ရထားခေါင်း သဖွယ် ဖြစ်နေကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် လက်ရှိ တွင် ခိုင်မြဲ တည်ငြိမ်မှု ရရှိအောင် ဆောင်ရွက်ပြီး ရေရှည် အမြင်ဖြင့် အာရှ-ပစိဖိတ် ပူးပေါင်း ဆောင်ရွက်မှု ဟူသည့် လုပ်ငန်းကြီးအား အသုံးပြု၍ အတူတကွ အောင်မြင်ခြင်း ဆိုသည့် ပူးပေါင်း ဆောင်ရွက်မှု အတွက် တွန်းအား ပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပူးပေါင်း ဆောင်ရွက်မှု နှင့် ပတ်သက်၍ ရှီကျင့်ဖိန်က ကျွန်တော်တို့ အနေဖြင့် ရေရှည်အမြင် ရှိရမည် ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ် ရေရှည် ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ကို ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ် ပူးပေါင်း ဆောင်ရွက်မှု သည် အနာဂတ် အတွက် ဦးတည် ဆောင်ရွက်ရမည် ဖြစ်ပြီး အနာဂတ် တွင် ဦးဆောင်နိုင်ရမည့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ကာ ကြီးကျယ် ခမ်းနား သည့် ပုံစံ ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် ပြုပြင်ပြောင်းလဲရေး နှင့် ဆန်းသစ် တီထွင်မှု များကို ဆောင်ရွက် ရမည် ဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေး အတွက် တွန်းအားအသစ်များ ပေးစွမ်း နိုင်ရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ လက်ရှိအချိန် တွင် စီးပွားရေး ပုံစံ အသစ်ကြောင့် စိန်ခေါ်မှု များကို ရင်ဆိုင်နေရသဖြင့် ပြုပြင်ပြောင်းလဲရေး နှင့် ဆန်းသစ် တီထွင်မှုသည် သာလျှင် ယင်း စိန်ခေါ်မှု တို့အား ကျော်လွှား နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် “ဝန်ဆောင်မှု လုပ်ငန်း ပူူးပေါင်း ဆောင်ရွက်ခြင်း မူဘောင်” ကို ထောက်ခံပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများ အပြည်ပြည် ဆိုင်ရာ ဈေးကွက် သို့ ပါဝင် ခြင်းဖြင့် “ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တန်ဖိုး တိုးတက် ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု ကွင်းဆက် မဟာဗျူဟာ လမ်းပြ မြေပုံ” ကို တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် မှ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ကာ ပွင့်လင်းမြင်သာ သည့် စီးပွားရေး ပုံစံ အားတည်ဆောက် ရမည် ဖြစ်ကြောင်း ၊ ဒေသတွင်း ကုန်သွယ်ရေး သဘောတူညီမှုများ ဆောင်ရွက်ခြင်းဖြင့် အာရှ-ပစိဖိတ် စီးပွားရေး ကုန်သွယ်မှု အတွက် ပွင့်လင်းမြင်သာ သော စီးပွားရေး ပုံစံ တစ်ရပ် တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် ကို အမြန်ဆုံး တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ ၁၀ ကြိမ်မြောက် ကမ္ဘာ့ကုန်သည်ရေး အဖွဲ့ ခေါင်းဆောင်များ အစည်းအဝေး မှ ချမှတ်သည့် တည်ငြိမ်သော ၊ အကျိုးရှိသော ၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကိုက်ညီသော သဘော တူညီမှု များကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) သည် ဒေသတွင်း အပြန်အလှန် ချိတ်ဆက် နိုင်ရန် အတွက် အရေးပါသော ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံနှင့် အခြား သက်ဆိုင်ရာ နိုင်ငံများသည် ယင်း ဘဏ် လုပ်ငန်း ယခု နှစ်ကုန်တွင် စတင် နိုင်ရန် အတွက် ဆောင်ရွက်နေပြီး တရုတ် နိုင်ငံမှ ဖော်ဆောင်သည့် ခေတ်သစ် ပိုးလမ်းမကြီး စီးပွားရေး ဇုန်နှင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီး စီမံကိန်း များသည်လည်း ဦးတည်ချက်အား ရောက်ရှိနိုင်ရန် ကောင်းမွန်သည့် အခြေအနေတွင် ရှိနေကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ပေးဆပ်သွားမည် ဖြစ်ကာ ယမန်နှစ်ကလည်း APEC အဖွဲ့ထံသို့ အမေရိကန် ဒေါ်လာ ၁၀ သန်းလှူဒါန်းမှု ပြုလုပ် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ အာရှ-ပစိဖိတ် ၏ အနာဂတ်သည် ကျွန်တော် တို့အားလုံး ၏ အနာဂတ် ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် နှစ်က ကျွန်တော်တို့ ပေကျင်းတွင် အပြန်အလှန် ယုံကြည်ခြင်း ၊ ခွင့်လွှတ်ခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်း ၊ အတူတွအောင်မြင်ခြင်း စသည့် မူဝါဒများ ချမှတ် နိုင်ခဲ့ပြီး တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ အာရှ-ပစိဖိတ် နိုင်ငံ များ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက် နိုင်ရေး နှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လည်း တရုတ် နိုင်ငံ၏ ၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်းအား ချမှတ် လိုက်ပြီ ဖြစ်သောကြောင့် တရုတ် နိုင်ငံ အနေဖြင့် အာရှ-ပစိဖိတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခွင့်အလမ်း များစွာ ပေးစွမ်း နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)