Connect with us

China

တရုတ်နိုင်ငံသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၃၇ ခုအား ဇန်နဝါရီလ မှ အောက်တိုဘာလအတွင်း အတည်ပြု

တရုတ်နိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီစဉ်သူများသည် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၃၇ ခုကို အတည်ပြုခဲ့ခြင်းဖြင့် ၂၀၁၅ ခုနှစ်၏ ပထမ ဆယ်လအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တရုတ်ယွမ် ၁.၈၉ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၉၈ ဘီလီယံ) အထိရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာလ ၁၂ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ပမာဏသည် ပထမ ၁၀ လ အတွင်း တစ်နိုင်ငံလုံး၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၏ ၄.၂၅ ရာခိုင်နှုန်း နှင့် တူညီကြောင်း သိရသည်။

အောက်တိုဘာလတွင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) မှ ရင်းနှီးမြှုပ်မှု တန်ဖိုး တရုတ်ယွမ် ၈၆.၄ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်း ၁၉ ခုအား အတည်ပြု ပေးခဲ့ကြောင်း နှင့် ယင်းစီမံကိန်း များတွင် ရေထိန်းသိမ်းမှု၊ ပို့ဆောင်ရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများ ပါဝင်ကြောင်း NDRC ၏ မူဝါဒ သုတေသန ပြုလုပ်ရေး ရုံးမှ ဋ္ဌာနမှူး ရှီကျိုက်ဟိုင် မှ ပြောကြားခဲ့သည်။

ယင်းစီမံကိန်းများသည် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု၊ ရေချွေတာမှု နှင့် လူနေမှု အဆင့်အတန်းကို မြင့်မားလာစေကြောင်း ရှီ မှပြောကြားခဲ့သည်။

ယခုနှစ် တတိယမြောက် သုံးလပတ် အတွင်း တရုတ် နိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ် အလားတူ ကာလထက် ၆.၉ ရာခိုင်နှုန်း တိုးတက်လာပြီး ခြောက်နှစ်တာ ကာလအတွင်း တိုးတက်မှု အနှေးဆုံး သုံးလပတ် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117