Connect with us

Local

အင်ကြင်းကျောက်များကို တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့ရောင်းချ

အင်ကြင်းကျောက်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ထွက်ရှိသည့် အင်ကြင်းကျောက်များကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စ၍ ပြည်ပသို့ တင်ပို့မှုအား ရပ်ဆိုင်းထားခဲ့ရာ ၂၀၁၅ ခုနှစ် ကုန်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့လျက် ရှိကြောင်း မြန်မာနိုင်ငံ အင်ကြင်းကျောက် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အင်ကြင်းကျောက်ရဲ့ အဓိက ဈေးကွက်က တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ တန် ၁၀၀ ကျော် တင်ပို့ပြီး ကတည်းက တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ပြန်လည် တင်ပို့ခဲ့တာပါ’’ ၎င်း တာဝန် ရှိသူက ပြောသည်။

အင်ကြင်းကျောက်အား နွားထိုးကြီးနှင့် မလှိုင် မြို့နယ်တို့မှ တူးဖော် ရရှိကြောင်း သိရသည်။ အင်ကြင်းကျောက် ဖြင့် ပြုလုပ်ထားသည့် လက်ဝတ် ရတနာများအား ဈေးကွက်တွင် လူကြိုက်များသည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ အင်ကြင်းကျောက် ၈၁ တန်ခွဲ ၊ အမေရိကန် ဒေါ်လာ ဝ.၂၆၉ သန်းဖိုး စတင် တင်ပို့ထားကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ကီလိုဈေးဖြင့် ရောင်းချခြင်း ဖြစ်ပြီး တစ်ကီလိုလျှင် တရုတ်ယွမ် ၁၀ ယွမ် မှ ၁၅ ယွမ် အထိ ဈေးနှုန်း ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.