Connect with us

Local

အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းက ပုဂ္ဂလိကလုပ်ငန်းများအား အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထုတ်ချေးပေးမည်

အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) ၏ လိုဂိုတံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- IFC)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) က ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများဖြစ်သော ဟို တယ်လုပ်ငန်း၊ လျှပ်စစ် ဓာတ်အားပေးရေး၊ စွမ်းအင်ဆိုင်ရာ လုပ်ငန်းများနှင့် လမ်းတံတားအပါအဝင် အခြေခံအဆောက်အအုံ လုပ်ငန်းများအတွက် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထုတ်ချေးပေးမည်ဖြစ်ကြောင်း IFC ၏ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ဒါရိုက်တာကပြောသည်။

အဆိုပါ ချေးငွေများအား ပုဂ္ဂလိကလုပ်ငန်း များကိုသာ ပေးအပ်မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးမှုအလားအလာရှိသည့် လုပ်ငန်းများအား ဦးစားပေးထုတ်ချေးမည်ဖြစ်ကာ အတိုး နှုန်း သတ်မှတ်ချက်များမှာ အဖွဲ့အစည်း နှင့် လုပ်ငန်းရှင်များအကြားလျှို့ဝှက်ချက် ဖြစ်ကြောင်း IFC ၏ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ဒါရိုက်တာကဆိုသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း IFC သည် ဇန်နဝါရီ ၁၁ ရက်တွင် ပြည်တွင်း ရှိ ကုမ္ပဏီကြီးတစ်ခုကို စတိုးဆိုင်ကြီးများ ဖွင့်လှစ်ရန် အမေရိကန်ဒေါ်လာ ၂၅ သန်း ချေးပေးခဲ့ပြီး မြန်မာနိုင်ငံ၏ လက်လီ အရောင်းဈေးကွက် ဖွံ့ဖြိုးရန် ရည်ရွယ်ထား ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.