Connect with us

Local

၂၀၁၇ ခုနှစ်တွင် ပြည်ပဧည့်သည် ၆ သန်းရှိလာနိုင်ရန် ရည်မှန်းထား

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်မှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု အလျင်အမြန်တိုးတက်နေပြီး ယခုနှစ်တွင် ခရီးသွားဧည့်သည် ၅ သန်း နှင့် ၂၀၁၇ ခုနှစ်တွင် ၆ သန်းအထိ ရှိလာရန် ရည်မှန်းထားကြောင်း သိရသည်။

တရားဝင်စာရင်းများအရ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၄.၄ သန်း အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁.၀၆ သန်းနှင့် ၂၀၁၀ ခုနှစ်တွင် ၇၉၀,၀၀၀ ရှိနေရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

များပြားလာသော ခရီးသည်အရေအတွက် နှင့် ကိုက်ညီမှုရှိစေရန် နှင့် ပြည်တွင်းရှိ လေကြောင်းဆိုင်ရာ အခြေခံ အဆောက်အုံ များကို အဆင့်တိုးမြှင့်ရန်အတွက် ပဲခူးတိုင်းဒေသကြီးတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အား တည်ဆောက်လျက်ရှိပြီး ယင်းသည် ရန်ကုန်မှ အရှေ့မြောက်ဘက် ၇၇ ကီလိုမီတာ အကွာတွင် တည်ရှိကာ မြန်မာနိုင်ငံ၏ အကြီးဆုံး ခေတ်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်လာမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် ဧရိယာ ၃,၆၄၅ ဟက်တာ ကျယ်ဝန်းမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်မည် ဖြစ်သည်။

အဆိုပါလေဆိပ်အား မူလက ၂၀၂၂ ခုနှစ်တွင် လည်ပတ်နိုင်ရန် စီစဉ်ထားပြီး တစ်နှစ်ကို ခရီသွားဧည့်သည် ၁၂ သန်း ဝင်ထွင်နိုင်တော့မည် ဖြစ်သည်။

လက်ရှိတွင် မြန်မာ နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခု ဖြစ်သည့် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး အစိုးရမှ ပုဂ္ဂလိက စီမံခန့်ခွဲမှုဖြင့် လုပ်ကိုင်ခွင့်ပေးထားသော ပြည်တွင်း လေဆိပ်ပေါင်း ၃၀ ရှိပါသည်။ (Xinhua)