Connect with us

Social

ရန်ကုန်လေဆိပ်တွင် တည်ဆောက်နေသော လေယာဉ်ဆီ လီတာ ၆ဒသမ၂သန်း သိုလှောင်နိုင်သော ဆီကန် သြဂုတ်လကုန်၌ စတင် အသုံးပြုနိုင်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ ရပ်နားထားသောလေယာဉ် တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တည်ဆောက်နေသော လေယာဉ်ဆီ လီတာ ၆ ဒသမ ၂ သန်းအထိ သိုလှောင်နိုင်မည့် ဆီသိုလှောင်ကန်သစ် နှစ်ကန် သြဂုတ်လကုန်၌ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း National Energy Puma Aviation Services (NEPAS)မှ စုံစမ်းသိရှိရသည်။

အဆိုပါ လေယာဉ်ဆီ သိုလှောင်ကန် တစ်ခုချင်းစီ၏ ဆီသိုလှောင်နိုင်မှု ပမာဏသည် လီတာပေါင်း ၂ ဒသမ ၇ သန်း အထိရှိပြီး လက်ရှိ လေဆိပ်အတွင်း လီတာ လေးသိန်းဆံ့ ဆီသိုလှောင်ကန် သုံးကန်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

လေယာဉ်ဆီနှင့် ပတ်သက်ပြီး ပူးပေါင်း လုပ်ကိုင်မှုတွင် National Energy Puma Aviation Services (NEPAS) မှ ရင်းနှီး မြှုပ်နှံမှု ၄၉ ရာခိုင်နှုန်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၅၁ ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်နေလျက်ရှိသည်။

ယင်းကုမ္ပဏီမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ဆီဌာနခွဲကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင် လုပ်ကိုင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၃ ရက် မတိုင်မီက ပြည်တွင်းလေဆိပ် ၁၁ ခုရှိ လေယာဉ်ဆီဖြန့်ဖြူး ရောင်း ချသည့်လုပ်ငန်း များကိုပါ ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117