Connect with us

Local

နောက်ဆုံး ထွက်ရှိသည့် စာရင်းအရ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၅,၅၃၈.၅၁ သန်းရှိ

မြန်မာ့ ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကုန်သေတ္တာတင် သင်္ဘော (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီမှ ဇူလိုင်လအထိ စာရင်းအရ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၉.၂၃၁ ဘီလီယံရှိပြီး ၊ ကုန်သွယ်မှု လိုငွေမှာ မေရိကန် ဒေါ်လာ ၁,၈၄၅.၈၀ သန်း ရှိကြောင်း ဗဟိုစာရင်း အဖွဲ့မှ ထုတ်ပြန်သည့် ပို့ကုန်၊သွင်းကုန် အစီရင်ခံစာအရ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နောက်ဆုံး ထွက်ရှိသည့် စာရင်းအရ မြန်မာနိုင်ငံ၏ ဇူလိုင်လ တစ်လ အတွင်းတွင် ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၃၉.၉၀ သန်း ၊ နယ်စပ် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၁၄.၇၉ သန်း နှင့် စုစုပေါင်း ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၀၅၄.၆၉ သန်း ဖြစ်ပြီး၊ ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၇၆၉.၇၂ သန်း၊ နယ်စပ်သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၉၇.၃၈ သန်း နှင့် စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၉၆၇.၁၀ သန်း ဖြစ်သဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ် နောက်ဆုံး ထုတ်ပြန်သည့် စာရင်းအရ စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၉၁၂.၄၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ အထိ မြန်မာနိုင်ငံ၏ ပုံမှန် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂,၃၃၃.၁၉ သန်း၊ နယ်စပ် ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၃၅၉.၅၂ သန်း နှင့် စုစုပေါင်း ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃,၆၉၂.၇၁ သန်း ဖြစ်ပြီး၊ ပုံမှန် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄,၇၀၀.၈၃ သန်း၊ နယ်စပ် သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၃၇.၆၈ သန်း၊ စုစုပေါင်း သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅,၅၃၈.၅၁ သန်း ဖြစ်ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီမှ ဇူလိုင်လအထိ စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန် ဒေါ်လာ ၁,၈၄၅.၈၀ ဖြစ်ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.