Connect with us

Local

၂၀၁၆ နှစ်လယ် ကျောက်မျက်ပွဲ ယူရို ၃၂၇ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့


နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၀ ရက် မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် ၂၀၁၆ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက်နှင့် ကျောက်စိမ်းများ ယူရို ၃၂၇ ဒသမ ၆၉ သန်းဖိုး ရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်ပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ယနေ့ညနေ သတင်းစာ ရှင်းပွဲတွင် မီဒီယာကို ဖြေကြားခဲ့သည်။

‘ဒီနေ့ နေ့လယ် ၁၂ နာရီ ကျော်လောက်မှာ ကျောက်မျက် ရောင်းချမှု ပြီးစီးခဲ့ပါတယ်၊ ပြည်ပ ရတနာကုန်သည် ၁၇၉၆ ဦးနဲ့ ပြည်တွင်း ရတနာကုန်သည်က ၁၇၄၆ ဦး တက်ခဲ့ပါတယ်၊ ပြည်တွင်း ရတနာကုန်သည်ဦးရေ ကတော့ ရောင်းသူရော ဝယ်သူရော စာရင်းပေါင်းထားတာ ဖြစ်ပါတယ်၊ ဒီပွဲမှာ နိုင်ငံပိုင် ကျောက်စိမ်းအတွဲ သုံးဆယ်ကိုလည်း တင်ပြခဲ့ပါတယ်၊ နိုင်ငံပိုင်ထဲက အရိုင်း ကိုးတွဲနဲ့ အချောထည် ၁၂ တွဲ၊ ပေါင်း ၂၁ တွဲ ရောင်းရပါတယ်၊ ရတနာ တင်ပြမှု အားလုံး ကျောက်မျက် အတွဲ ၄၃၉ တွဲနဲ့ကျောက်စိမ်းအတွဲ ၅၉၈၈ တွဲရှိပြီး ကျောက်မျက်က ၄၄ တွဲ၊ ကျောက်စိမ်းက ၄၀၄၁ တွဲ ရောင်းရပါတယ်၊ ရောင်းရငွေ စုစုပေါင်း ယူရို ၃၂၉ ဒသမ ၆၉ သန်း ပါ’ ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၆ ခုနှစ်မြန်မာ့ကျောက်မျက်ရတနာနှစ်လယ်ပြပွဲတွင်ပြသထားသော ကျောက်စိမ်းတုံးများအားတွေ့ရစဉ် (ဆင်ဟွာ)

ယခုပွဲတွင် တင်ပြသည့် ကျောက်စိမ်း၊ ကျောက်မျက် အတွဲပေါင်း ၆၂၉၉ တွဲရှိခဲ့ပြီး နိုင်ငံပိုင် ကျောက်အတွဲ သုံးဆယ် ပါဝင်ကာ ကျန် အတွဲများမှာ ပုဂ္ဂလိက ကုမ္ပဏီများက တင်ပြခြင်းဖြစ်သည် ဟု၎င်းက ရှင်းပြသည်။ယခု ကျောက်မျက်ပွဲသို့တက်ရောက်လာသည့် ပြည်ပ ရတနာကုန်သည် ၁၇၉၆ ဦးတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ၁၇၆၉ ဦး (ပြည်မရှိ ရတနာ ကုမ္ပဏီ ၇၂၉ ခုမှ ၁၆၉၆ ဦး၊ ဟောင်ကောင်ရှိ ရတနာကုမ္ပဏီ ၃၃ ခုမှ ၇၃ ဦး)၊ စင်ကာပူ ရှိ ကုမ္ပဏီ နှစ်ခုမှ ကုန်သည် နှစ်ဦး၊ ထိုင်းနိုင်ငံ ကုမ္ပဏီ ရှစ်ခုမှ ၂၃ ဦး၊ အမေရိကန် ပြည်ထောင်စု မှ ကုန်သည် နှစ်ဦးတို့ပါဝင်ကြောင်း၊ အမေရိကန်နိုင်ငံမှ ရတနာကုန်သည် နှစ်ဦး တက်ရောက် ခဲ့သော်လည်း လေ့လာရုံသာ ရောက်ရှိခြင်းဖြစ်ပြီး ရတနာ ဝယ်ယူမှု မရှိကြောင်း သိရသည်။ယခုပွဲတွင် တန်ဖိုး အများဆုံး ဖြင့် ရောင်းချခဲ့သည့် ကျောက်များမှာ ဈေးပြိုင် စနစ်ဖြင့် ရောင်းသည့် အထဲမှ ယူရိုငွေ လေးသန်းကျော်တန် ကျော်တွဲနှင့် တင်ဒါစနစ် ဖြင့် ရောင်းသည့် အထဲမှ ယူရိုငွေ ကိုးသန်းကျော်တန် ကျောက်တွဲတို့ဖြစ်ကြောင်း သိရသည်။

“ဒီပွဲမှာ တင်ပြခဲ့တဲ့ ကျောက်မျက်တွဲတွေထဲမှာ တန်ဖိုး အများဆုံးက ယူရို ငါးသိန်းတန် Log No. 391 ပတ္တမြား အရိုင်းတစ်ပွင့်ပါ၊ ရောင်းရတဲ့ ကျောက်စိမ်းတွဲထဲမှာ တန်ဖိုး အများဆုံးက ထိုင်းကုန်သည် ဝယ်သွားတဲ့ ယူရို ၂၃၆၀၀၀ တန် Log No. 311 ပတ္တမြားအရိုင်းပါ၊ တင်ပြခဲ့တဲ့ ကျောက်စိမ်းအတွဲတွေမှာတော့ ယူရို ရှစ်သန်းကျော် (၈,၈၈၈,၉၀၀) တန် ကျောက်စိမ်းအတွဲ နံပါတ် ၅,၉၆၀ ပါ။ အဲဒါက ရောင်းမထွက်ခဲ့ပါဘူး” ဟု ဦးသန်းဇော်ဦးက ရှင်းပြသည်။ပြီးခဲ့သည် (၅၃) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက် ၆၃ တွဲနှင့် ကျောက်စိမ်း ၃၉၄၇ တွဲ၊ တန်ဖိုးအားဖြင့် ယူရို ၅၃၀ ဒသမ ၃၇ သန်း ရောင်းချခဲ့ရပြီး အမှန်တကယ် ငွေပေးချေမှု ပမာဏမှာ ယူရို ၃၈၆ ဒသမ ၃၀ သန်း ရှိခဲ့ကြောင်းနှင့် ထိုပွဲနှင့် နှိုင်းယှဉ်ပါက ယခု ၂၀၁၆ နှစ်လယ်ပွဲသည် ရောင်းအားနည်းပါးသည် ဟု ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမင်းသူက သုံးသပ်ပြောကြားခဲ့သည်။ “ ပြီးခဲ့တဲ့ ဇူလိုင်လ ပွဲနဲ့ယှဉ်ရင် ကျောက်မျက် ရောင်းအားက အခုပွဲမှာ နည်းသွားတယ်၊ ဒီကိုလာတဲ့ အများစုက အရိုင်းတွဲ ဝယ်တဲ့သူတွေ၊ အခုပွဲမှာ တင်ပြနိုင်တဲ့ အရိုင်းတွဲ နည်းသွားခဲ့တယ်၊ အခု Mid Year 2016 ပွဲမှာ အရိုင်းတွဲ ၁၃၇ တွဲပဲ တင်ပြခဲ့တယ်။ဒီအထဲမှာ အထူးကုန်စည် ဝန်ဆောင်ခ နဲ့ ကုန်သွယ် လုပ်ငန်း ခွန်တွေကို အခွန်ဥပဒေသစ် အရ ဝယ်သူက ပေးဆောင်ရလို့ ဝယ်အား နည်းသွားရ တယ်လို့လည်း ဝယ်သူ တွေက ပြောကြတယ်” ဟု၎င်းက ပြောသည်။ (Xinhua)