Connect with us

Local

၂၀၂၁ ခုနှစ် မတ်လတွင် ကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲအား နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ကျင်းပခွင့်ရရှိရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြသွားမည်ဟုဆို

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲအား COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ၂၀၂၁ ခုနှစ် မတ်လတွင် ကျင်းပခွင့်ရရှိရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့် ကဆင်ဟွာသို့ ဇန်နဝါရီ ၃၀ ရက်တွင်ပြောသည်။

“ဒီပွဲကျင်းဖို့အတွက် စီမံချက်လည်း ရေးဆွဲပြီးပါပြီ။ နေပြည်တော်မှာပဲ ခင်းကျင်းပြသဖို့ အစိုးရကိုတင်ပြသွားမှာပါ။ ကျောက်စိမ်းအတွဲပေါင်း ၃၀၀၀ လောက်အနည်းဆုံးရောင်းချမယ်လို့လျာထားတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေက ကျောက်စိမ်းအတွဲပေါင်း ၅၀၀၀ လောက် ရောင်းချခွင့်ပြုဖို့ တင်ပြထားတာ ရှိတယ်။ လုပ်ငန်းရှင်တွေကလည်း ကုန်ကြမ်းပြတ်နေပြီ။ COVID-19 ရောဂါကာကွယ်ဆေးလည်း စထိုးနေပြီဆိုတော့ ပွဲကျင်းပခွင့်ရခဲ့ရင်တော့ ကောင်းတာပေ့ါ။ ’’ ဟု ဦးဇော်ဘိုခန့်က ပြောသည်။

ယင်းပြပွဲအားကျင်းပနိုင်ရန် အဆိုပြုချက်ရေးထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုမိန့် ရရှိပါက ကျင်းပသွားမည်ဖြစ်ကြောင်းဆိုသည်။ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ သင့်တင့်သောဈေးနှုန်းဖြင့် ကုန်ကြမ်းများရရှိစေပြီး ကုန်ချောအဖြစ် ပြန်လည်ထုတ် လုပ် ရောင်းချနိုင်ရန်အတွက် ကျောက်စိမ်းအတွဲများကို အခြေခံကြမ်းခင်းဈေး ကျပ်ဆယ်သိန်းမှစ၍ သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။ (Xinhua)