Connect with us

Local

၂၀၁၇ ခုနှစ်၌ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သော ခုနှစ်များ သတ်မှတ်ထုတ်ပြန်

သီလ၀ါဆိပ်ကမ်းတွင်း ပြည်ပမှ တင်သွင်းလာသော ကားများအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
၂၀၁၇ခုနှစ်၌ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သော ခုနှစ်များကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ယနေ့ သတ်မှတ် ထုတ်ပြန်လိုက်သည်။

အဆိုပါ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုတွင် ယာဉ်အို/ယာဉ်ဟောင်းအစီအစဉ်(Consignment စနစ်အပါအဝင်) လူစီးမော်တော်ယာဉ်များကို ၂၀၁၁ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း(၂၀၁၅ ခုနှစ်မှ ၂၀၁၇ခုနှစ် ဘယ်မောင်း တင်သွင်းရန်)၊ ကုန်တင်ယာဉ်များကို ၂၀၁၇ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်ယာဉ်များကို ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းသာ တင်သွင်းရန် ထုတ်ပြန်လိုက်သည်။
လူပုဂ္ဂိုလ်တစ်ဦးချင်းအစီစဉ်ဖြင့် တင်သွင်းမှုတွင် လူစီးမော်တော်ယာဉ်(၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအဝင်)-၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း(ဘယ်မောင်း)တင်သွင်းရန်၊ ကုန်တင်ယာဉ်များကို ၂၀၁၇ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်းသာ တင်သွင်းရန်၊ ခရီးသည်တင်ယာဉ်များ(Express)များကို၂၀၁၂ခုနှစ်မှ ၂၀၁၇ခုနှစ် အတွင်း(ဘယ်မောင်း)သာ တင်သွင်းရန်နှင့် ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ (Mini Bus/ City Bus)များကို ၂၀၁၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်(ဘယ်မောင်း)သာ တင်သွင်းရမည်ဖြစ်သည်။
ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု(FOC ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ်လျှောက်မှုအပါအဝင်) လူစီးမော်တော်ယာဉ်များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း(ဘယ်မောင်း)၊ လုပ်ငန်းသုံးယန္တရားများကို၂၀၁၇ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း၊ မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များကို၂၀၀၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာယာဉ်များကို ၂၀၁၇ခုနှစ်အတွင်းသာ၊ ခရီးသည်တင်ယာဉ်(Express)များကို ၂၀၁၂ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း(ဘယ်မောင်း)များကို တင်သွင်းရန် သတ်မှတ်လိုက်သည်။
အစိုးရဌာနများမှ မော်တော်ယာဉ်လျှောက်ထားမှုတွင် လူစီးမော်တော်ယာဉ်များကို ၂၀၁၅ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း(ဘယ်မောင်း)နှင့် လုပ်ငန်းသုံးယာဉ်/ ခရီးသည်တင်ယာဉ်/ကုန်တင်ယာဉ်/ ယန္တရားများကို ၂၀၁၇ခုနှစ်အတွင်းသာ တင်သွင်းရန် သတ်မှတ်ထုတ်ပြန်လိုက်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.