ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အရေအတွက် ၅ ခုအား ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၈.၀၈၄ နှင့် ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင်...
ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) အခြေခံ စီးပွားရေး အဆောက်အဦများအား လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်စေနိုင်မည့် လုပ်ငန်းများအား ကြိုဆို အားပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်သည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒအရ သိရသည်။
နေပြည်တော် ၊ နိုဝင်ဘာ ၁၅ ရက် ( ဆင်ဟွာ) စီးပွားရေးဇုန်များကို တည်ဆောက်ရာတွင် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုအတွက် ပံ့ပိုးပေးနိုင်ရေးကို ထည့်သွင်းစဉ်းစားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဝင်များ နှင့် ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတအိုဘားမား ၏ စက်တင်ဘာ ကြေညာချက်အပြီး ကွန်ဂရက်သို့ အသိပေးအကြောင်းသည့်ကာလ ရက်ပေါင်း ၆၀ ကြာပြီးနောက် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအထူးခံစားခွင့်ကို ယနေ့ပြန်လည် ပေးအပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သံရုံး (မြန်မာ) မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲအတွင်း ကျောက်စိမ်းနှင့် ကျောက်မျက် အတွဲပေါင်း ၆ဝဝဝ ခန့် ပြသ ရောင်းချမည် ဖြစ်ကြောင်း...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ရူပီး (၅၀၀) တန် နှင့် (၁၀၀၀) တန်ငွေစက္ကူများအား တရားမဝင်ငွေကြေးအဖြစ်ကြေညာခြင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိကုန်သည်များ ၊ နှစ်နိုင်ငံနယ်စပ်တွင် ရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေသည့် ကုန်သည်များ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများအနေဖြင့် အိန္ဒိယနိုင်ငံ၏ ငွေကြေး အခြေအနေကိုသိရှိထားနိုင်ရန် အတွက်နိုင်ငံခြားရေး...
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို အတည်ပြုနိုင်ခဲ့ပြီးဖြစ်သဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အချိန်ကောင်းဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရန် နယ်စပ်ဂိတ်များအားလုံးကို ၂၀၁၈ ခုနှစ်၌ အာဆီယံအဆင့် ကုန်သွယ်ရေးဇုန်များ ဖြစ်လာစေရန် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၃၁၃၁ ဒသမ ဝ၂ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိ ကန်ဒေါ်လာ ၁၇၄၄ ဒသမ ဝ၆ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှ...
နေပြည်တော်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင်ရှိ ရေနံ လက်ယက်တွင်းများမှ ထွက်ရှိသည့် ရေနံစိမ်းများဖြင့် ရေနံချက်နေကြသည့် လုပ်ငန်းရှင်များအား ဒေသန္တရ ရေနံ ချက်လုပ်ငန်း ယာယီလိုင်စင်များကို အခမဲ့ ခွင့်ပြု ထုတ်ပေးမည်ဖြစ်ပြီး ထိုအစီအစဉ်ကို နိုဝင်ဘာ ၁၆ ရက်တွင် စတင်...