Connect with us

Local

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် Pride of Myanmar ဆု ချီးမြှင့်မည်


ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် Pride of Myanmar ဆုကို စတင်ချီးမြှင့်မည်ဖြစ်ပြီး ယခုနှစ်အတွက် ဆု ၈ဆုထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ယနေ့ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသော အဆိုပါဆုနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

ယင်းမှာ ဆုပေးပွဲသည် မြန်မာပြည်တွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် ဆုပေးပွဲဖြစ်ကြောင်း၊

“Pride of Myanmar” ဟုခေါင်းစဉ်ပေးထားသည့် ယခုဆုပေးပွဲသည် မြန်မာများထဲမှ တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အဖွဲ့လိုက် အားဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ထူးခြား ထူးခွျှန်စွာ လုပ်ကိုင်နိုင်မှုများအတွက် အသိအမှတ်ပြုဂုဏ်ပြုဆုရွေးချယ်ပေးအပ်ခြင်း ဖြစ်ကြောင်း ဆုပေးပွဲအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ဆွေဇင်ထိုက်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ နယ်ပယ်၈ခုက လူ(သို့)အဖွဲ့အစည်းေတွေကို ကျွန်မတို့ သုတေသနအဖွဲ့က ထုတ်ပြန်ပြီး ရွေးချယ် ဆုပေးမှာဖြစ်ပါတယ်၊ ယခုနှစ် ၈ဦးပေးသွားမယ်၊ နှစ်တိုင်းပေးနိုင်အောင် စီစဉ်ထားတယ်၊ တစ်နှစ်ထက် တစ်နှစ်ပိုကောင်းအောင် လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ယင်း ဆုရွေးချယ်ရာတွင် ဆုရွေးချယ်ရေးအဖွဲ့က နယ်ပယ်တစ်ခုဆီမှ ဆန်ခါတင်စာရင်းများ ထုတ်ပြန်ပြီး ဂျူရီအဖွဲ့မှ ထိုဆန်ခါတင်စာရင်းထဲမှ လူများကို ၅၀ရာခိုင်နှုန်း မဲပေးရွေးချယ်မည်ဖြစ်ကြောင်း၊ ကျန် ၅၀ရခိုင်နှုန်းအား အများပြည်သူကနေ အွန်လိုင်းမှ မဲပေးရွေးချယ်သော နည်းဖြင့် တွက်ချက်မည်ဖြစ်ကြောင်း သိရသည်။

Pride of Myanmarဆုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကျင်းပစဉ်(ဆင်ဟွာ)

Pride of Myanmarဆုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကျင်းပစဉ်(ဆင်ဟွာ)

အများပြည်သူများမဲပေးကာလကို အောက်တိုဘာ မှ ဒီဇင်ဘာထိ သတ်မှတ်ထားမည်ဖြစ်ပြီး နောက်ဆုံးရလဒ်များကို ၂၀၁၉ ခုနှစ် နှစ်ဆန်းတွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း သိရသည်။

ယင်းဆုရွေးချယ်မည့် ပုံစံသည် သက်ဆိုင်ရာနယ်ပယ်ရှိ မိမိတို့၏ကျွမ်းကျင်မှုအလိုက် လူမှုရေး၊ ယဉ်ကျေးမှု အနုပညာဆိုင်ရာ၊ အားကစား၊ စီးပွားရေးနှင့် စွန့်ဦးတီထွင်နိုင်မှု တို့မှတဆင့် “မြန်မာ”ဆိုသည့်နာမည်ကို ကမ္ဘာသိအောင် သို့မဟုတ် တနည်းအား ဖြင့် နိုင်ငံတကာစင်မြင့်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်ခြင်း သို့မဟုတ် သက်ဆိုင်ရာကဏ္ဍတွင် အပေါင်းလက္ခဏာဆောင်သည့်အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်ခြင်းတို့ကို အဓိကထားရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Pride of Myanmar ဆု၏ ၂၀၁၈-၁၉ ခုနှစ်အတွက် ဥက္ကဋ္ဌများအဖြစ် ဒေါ်ဆွေဇင်ထိုက်(Actress and Humanaitarian)နှင့် ဦးသူရကိုကို(Managing Director,YGA Capital)တို့ကဆောင်ရွက်မည်ဖြစ်ပြီး Board of Governorsအဖြစ် ဦးကျော်ကျော်လှိုင်(MD, Smart Tech)၊ ဒေါ်ခင်လေး၊ ဦးအောင်ဆန်းဝင်း(အောင်သမာဓိ ရွှေဆိုင်)၊ ဦးသောင်းစုငြိမ်း၊ ဦးဆန်ဂျေတို့ ပါဝင်မည်ဖြစ်ကြောင်း၊ အကဲဖြတ်အဖွဲ့ဝင်များအဖြစ် အနုပညာ၊ စာပေ၊ ဖက်ရှင်စသည့် အခန်းကဏ္ဍတို့မှ ဝါရင့်ကျွမ်းကျင်သူ ၂၀ဦးခန့်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.