ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယခု ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ဇူလိုင်လတွင် ၁၀ ရာခိုင်နှုန်း အထိ ရှိပြီး မြင့်မားသည်ဟု ဆိုနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) သီလဝါအထူး စီးပွားရေးဇုန်အတွင်း အကောင်အထည် ဖော်လျက်ရှိသော ဓာတ် မြေသြဇာစက်ရုံကို ၂ဝ၁၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း လီမိတက် (MAPCO)ထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ အိန္ဒိယနိုင်ငံ အခြေစိုက် ဘဏ်တစ်ခုဖြစ်သော State of India Bank (SBI) ၏ ဘဏ်ခွဲအား ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center တွင် ဖွင့်လှစ် လိုက်ကြောင်း ဘဏ်...
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ထွက်ရှိသော သနပ်ခါးအား ကုန်ချောအဖြစ် ဥရောပနိုင်ငံများသို့ တရားဝင် တင်ပို့ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း တင်ပို့မည့်ကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ နေပြည်တော် မဏိရတနာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီထံမှ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မြန်မာ့ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် တစ်နှစ်ထက် တစ်နှစ် တိုးတက်လျက်ရှိရာ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ခုနစ်သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယနေ့နံနက်တွင် ပြောခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ပြည်တွင်း ပုဂ္ဂလိက ဘဏ်များတွင် ဝန်ဆောင်မှု ပေးလျက် ရှိသည့် အပ်ငွေအပေါ် နေ့စဉ် အတိုးပေးရသော Call Deposit အပ်ငွေ အတိုးနှုန်းကို အားလုံး တစ်ပြေးညီ လျှော့ချ သတ်မှတ်မှသာ ပိုမို ထိရောက်နိုင်မည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ...
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်အတွင်း စတော့ရှယ်ယာဈေးနှုန်းများ ဆက်လက် ကျဆင်းနေကြောင်း စတော့အိတ်ချိန်းရှယ်ယာရောင်းချသူများထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက်( ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များအား လုပ်ငန်းလိုင်စင်များချထားပေးလျက်ရှိရာ နိုင်ငံခြားဘဏ်လိုင်စင် အသစ် ၂ခုကို ထပ်မံခွင့်ပြုပေးလိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄၃,၄၅၆ တန်ဖိုး ရှိ နှမ်းနက်များ တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။