Connect with us

Local

ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲပေါင်း ၆၉ တွဲအား မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ စတုတ္ထနေ့၌ ရောင်းချခဲ့ရ

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ စတုတ္ထနေ့ ဖြစ်သည့် ဇွန် ၂၃ ရက်တွင် ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းတန်ဖိုးရှိ ကျောက်မျက်အတွဲပေါင်း ၆၉ တွဲအား ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

ပြပွဲတွင် ကျောက်မျက်အတွဲများအားဇွန် ၂၀ ရက်မှ ၂၂ ရက် အထိ ခင်းကျင်း ပြသခဲ့ပြီး ပြပွဲ စတုတ္ထနေ့တွင် အခြေခံဈေးနှုန်း ယူရိုငွေ ၅၀၀ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်မျက်အတွဲပေါင်း ၃၃၆ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာမှ ကျောက်မျက် အတွဲပေါင်း ၆၉ တွဲအား ရောင်းချခဲ့ရကြောင်း သိရသည်။

ထို့အတူ ပြပွဲတွင် ဇွန် ၂၀ ရက်မှ ၂၁ ရက် အထိ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ပုလဲ အတွဲပေါင်း ၃၆၀ တွဲကို ရောင်းချခဲ့ရာ အတွဲပေါင်း ၃၄၁ တွဲကို တန်ဖိုး ယူရို ၂.၅၉၈ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ စတုတ္ထနေ့တွင် ပြည်တွင်း ရတနာ ကုန်သည် ၁၄၁၅ ဦး ၊ ပြည်ပ ရတနာ ကုန်သည် ၃၀၅၂ ဦး စုစုပေါင်း ရတနာ ကုန်သည် ၄၄၆၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၆၀ တွဲ ၊ ကျောက်မျက် အတွဲပေါင်း ၃၃၆ တွဲ ၊ ကျောက်စိမ်းအတွဲပေါင်း ၆၇၉၅ တွဲ စုစုပေါင်း ၇၄၉၁ တွဲအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီသည် ၂၀၁၈ ခုနှစ် ၊ ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဇွန် ၂၀ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)