Connect with us

Local

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲရောင်းချနိုင်ခဲ့

၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲများအား ကြည့်ရှ့နေသူအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၄၁ တွဲကို ယူရိုငွေ ၂,၅၉၈,၂၃၉ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အခြေခံဈေးယူရိုငွေ ၅ဝဝ နှင့်အထက် တန်ဖိုးသတ်မှတ် ထားသည့် ပုလဲ အတွဲပေါင်း ၃၆ဝ ကို ဇွန် ၂ဝ ရက်နှင့် ၂၁ တို့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြပွဲတွင် အမြင့်ဆုံးဈေးရရှိခဲ့သည့် ပုလဲအတွဲ၏ တန်ဖိုး မှာ ယူရိုငွေ ၃၂၉၉၉ ဖြစ်ပြီး အနည်းဆုံးဈေးရရှိခဲ့သည့် ပုလဲ အတွဲ၏ တန်ဖိုးမှာ ယူရိုငွေ ၇၈၈ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဒုတိယနေ့ တွင် နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ပြီး ပုလဲ အတွဲ ၃၆ဝ တွဲ၊ ကျောက်မျက်အတွဲ ၃၃၆ တွဲနှင့် ကျောက်စိမ်းအတွဲ ၆၇၉၅ တွဲ စုစုပေါင်း ၇၄၉၁ တွဲကို ခင်းကျင်းပြသထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.