Connect with us

Local

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅၇၆၁ သန်း ဆောင်ရွက်နိုင်

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်(ဧပြီလမှမေလထိ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၇၈ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၈၃ သန်းရှိသဖြင့် ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၇၆၁ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယခင်နှစ် ကာလတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ မေလထိ) တွင် ပြည်ပပို့ကုန် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၉၇၀ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၉၇၆ သန်းဖြစ်၍ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၉၄၆ သန်းဖြစ်သဖြင့် ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် ၄၀၈ ဒေါ်လာသန်း၊ သွင်းကုန်တွင် ၄၀၇ ဒေါ်လာသန်း ပိုမိုသဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၈၁၅ ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်ပပို့ကုန်ပစ္စည်းများ အုပ်စုလိုက် တင်ပို့မှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း၊ပြည်ပမှ သွင်းကုန်တင်သွင်းမှုတွင် ၂၀၁၈ ခုနှစ် (ဧပြီလမှ မေလထိ) သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃၈၃ သန်းရှိပြီး ယခင်နှစ်ကာလတူ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၇၆ သန်း ရှိသည့်အတွက် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၇ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုအလိုက်တင်သွင်းမှုကို ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.