ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရွှေ့ပြောင်းအလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရန် အဓိက လိုအပ်လျက်ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၃၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ၂၈ဝဝ ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာကုမ္ပဏီဥပဒေကို ၂၀၁၈ခုနှစ် သြဂုတ်လ ၁ရက်နေ့၌ စတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်းတွင်ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာမည့် TMH Telecom Public ကုမ္ပဏီလီမီတက် မှ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO Road Show) အား ယနေ့ ရန်ကုန်စတော့ အိတ်ချိန်းတွင်ပြုလုပ်ခဲ့သည်။TMH Telecom Public ကုမ္ပဏီလီမီတက်သည် အများပြည်သူသို့ ကနဦးအစုရှယ်ယာများ (IPO) ကမ်းလှမ်းရောင်းချနိုင်ရန်အတွက်...
နေပြည်တော် ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အဆင့်မြင့်လာစေရန် အညွှန်းကိန်း ရှစ်ခုတို့အား ပိုမို ဖော်ထုတ် ဆောင်ရွက်သွားဖို့ လိုအပ်သည်ဟု အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင် မှုများ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စအားကြိုဆိုပါကြောင်း၊ အင်ပို့လုပ်ငန်းကိုပါ ခွင့်ပြုရန် ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ယနေ့ ဆင်ဟွာကို ပြောသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေသည် ဆယ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည် ဟု ကမ္ဘာ့ဘဏ်က ယနေ့ ထုတ်ပြန်သော “မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ လေ့လာ စိစစ် ချက် အစီရင်ခံစာ အပိုင်း (၂)” တွင် ဖော်ပြပါရှိသည်။
နေပြည်တော် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ၂၀၁၇ ခုနှစ် ၊ နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ယနေ့ဒီဇင်ဘာ ၁၂ ရက်တွင် စတင် ကျင်းပရာ ပြည်တွင်း/ပြည်ပ ရတနာ ကုန်သည် ၃၉၉၉ ဦး...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် ရမည့် လုပ်ငန်း (၁၇) ရပ် ကို မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် အသင်းချုပ်၏ ညီနောင် အသင်းများမှ ကိုယ်စားလှယ်များက ဒီဇင်ဘာလ...