Connect with us

Local

မြန်မာ့ရွှေဈေး ၁,၃၁၈,၀၀၀ ကျပ် မှ ၁,၂၉၈,၀၀၀ ကျပ် အထိ တစ်ရက်အတွင်း ကျပ်၂၀,၀၀၀ ပြုတ်ကျ၊ ဆက်လက်ကျနိုင်ဟု ဆို

ရန်ကုန်မြို့ရှိရွှေဆိုင်တစ်ဆိုင်တွင် ရွှေထည်များခင်းကျင်းပြသထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ/ဦးအောင်/ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၁,၃၁၈,၀၀၀ ကျပ် မှ ၁,၂၉၈,၀၀၀ကျပ် အထိ တစ်ရက် အတွင်း ၂၀,၀၀၀ ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း နှင့် ရွှေဈေးကျရိပ် ဆက်လက် သန်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၀ရက်တွင်ပြောကြားသည်။

“ကမ္ဘာ့ရွှေဈေးကျလို့ ပြည်တွင်းရွှေဈေးလည်းကျတာ။ ကမ္ဘာ့ရွှေဈေးက မနေ့က တစ်အောင်စကို ၁,၉၆၉ ဒေါ်လာရှိတယ်။ အဲဒီကနေ ဆက်တိုက်ကျလာတာ။ တစ်ရက်အတွင်း ကျတာပါ။ ရွှေဈေးကကျွန်တော့်အနေနဲ့တော့ ဆက်ကျဦးမယ်ထင်တယ်’’ ဟုပြောသည်။

ခင်းကျင်းပြသထားသော ရွှေထည်အချို့အားတွေ့ရစဉ် ( ဓာတ်ပုံ/ဦးအောင် (ဓာတ်ပုံ/ဦးအောင်/ဆင်ဟွာ) 

ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၉ရက်တွင် တစ်အောင်စ ၁,၉၆၉ဒါ်လာရှိခဲ့ပြီး၊ မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၁,၃၁၈,၀၀၀ ကျပ်ရှိခဲ့ကြောင်း၊ လက်ရှိပေါက်ဈေးသို့ တစ်ရက်အတွင်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ရွှေဆိုင်အချို့ပြန်လည်ဖွင့်လှစ်လာကြောင်း၊ ရွှေပြန်လည်ရောင်းချသူများ များပြားလျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့၊ပန်းပဲတန်းမြို့နယ်ရှိကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က “ကမ္ဘာ့ဈေးပေါ်မူတည်ပြီးကျတာ။ လက်ရှိမှာ ဆက်ကျနိုင်တယ်ထင်ပါတယ်။ ရွှေဝယ်စုမယ့် သူတွေကတော့ ကျရိပ်ရှိနေသေးလို့ အချိန်နည်းနည်း စောင့်ကြည့်သင့်တယ်လို့အကြံပြုချင်ပါတယ်” ဟုဆိုသည်။

နိုဝင်ဘာ ၁၀ရက် နံနက်ဘက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၈၇၈ဒေါ်လာ (မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၁,၂၉၈,၀၀၀ ကျပ်) ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။ Stay at Home ကာလတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ Zoom Application ဖြင့်ရွှေဝယ်ရောင်းခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117